VOA Burmese E-mail News Summary

Burma Campaign Japan | 9:29 PM | 0 comments

ထိပ်တန်းသတင်း

ရွေးကောက်ပွဲ အကဲခတ်သူတွေ လာခွင့်မပြုတဲ့အပေါ် အမေရိကန်နဲ့ ကုလ ဝေဖန်

မြန်မာစစ်အစိုးရက ရှေ့လထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်ပက အကဲခတ်သူတွေ လာခွင့်မပြုတဲ့အပေါ် အမေရိကန်နဲ့ ကုလသမဂ္ဂက ဝေဖန်လိုက်ပါတယ်။

အင်ဒိုနီးရှား တပ်ဖွဲ့တွေ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ကြောင်း လူ့အခွင့်အရေးအဖွဲ့ စွပ်စွဲ

အင်ဒိုနီးရှား ပါပူဝါကျွန်းသားတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ညှဉ်းပန်းနှိပ်စက်ကြောင်း လူ့အခွင့်အရေး အဖွဲ့တခုက ပြောလိုက်ပါတယ်။

ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန် ဆုံးရှုံးမှုအတွက် ကုလ သတိပေး

သဘာဝ တောရိုင်းတိရစ္ဆာန် ဆုံးရှုံးမှု လျော့ပါးအောင် ပြုလုပ်ကြဖို့အတွက် ကုလသမဂ္ဂ တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။

ပြည်ပသတင်းသမားတွေနဲ့ လေ့လာသူတွေကို မြန်မာရွေးကောက်ပွဲမှာ လက်မခံ

မြန်မာ့ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေနဲ့ သတင်းထောက်တွေကို လာရောက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒေါ်စု အထူးအယူခံ တရားရုံးချုပ် ပထမအဆင့် ကြားနာ

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ကိစ္စ အထူးအယူခံ တင်ထားတာနဲ့ ပတ်သက်ပြီး တရားရုံးချုပ် ရန်ကုန်က ဒီနေ့ ပထမအဆင့် ကြားနာပါတယ်။

လူငယ်တွေနဲ့ Twitter ကတဆင့် ဒေါ်စု ဆက်သွယ်လို

ဒေါ်အောင်ဆန်းစုကြည်က သူလွတ်မြောက်လာရင် အင်တာနက်ကို အသုံးပြုပြီး လူငယ်တွေနဲ့ ဆက်သွယ် စကားပြောချင်တယ်လို့ ပြောလိုက်ပါတယ်။

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ဖို့ သြစတြေးလျ အတိုက်အခံ တောင်းဆို

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ဖို့ သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်အခြေစိုက် Greens ပါတီက တောင်းဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်မြောက်ပိုင်း အင်အားကြီးမုန်တိုင်း တိုက်ခတ်

ဖိလစ်ပိုင်နိုင်ငံ မြောက်ဖျားမှာ မက်ဂီ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ခဲ့လို့ အနည်းဆုံး လူတဦး သေဆုံးခဲ့ရပါတယ်။

တရုတ် ဒုတိယ သမ္မတ ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရ

တရုတ် ဒုတိယသမ္မတ ဇီကျင်းပင်းကို ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌရာထူး တိုးမြှင့်ပေးလိုက်တယ်လို့ တရုတ် နိုင်ငံတော်ပိုင် မီဒီယာတွေက ဆိုပါတယ်။

ရွေးကောက်ပွဲအတွက် မြန်မာသံရုံးတွေမှာ ကြိုတင်မဲပေး

မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတဲ့ အစီအစဉ်တွေထဲက တခုအဖြစ် အမေရိကန် ပြည်ထောင်စုမှာ စတင်လိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA3202CD32688193A0E736132D12C37CEB83">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments