Fwd: Khitpyaing update 18/10/2010
Khitpyaing update 18/10/2010
နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပြစ်ဒဏ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံဝင်မှုကို ရန်ကုန်တိုင်း တရားရုံးချုပ်၌ ယနေ့ ကြားနာခဲ့ရာတွင် အယူခံအတွက် ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက "ဒီနေ့ ပြစ်ဒဏ်ချမှတ်တာကို ပြင်ဆင်ပေးဖို့ ကျနော်တို့ဘက်က အယူခံတင်ပြတာကို ကြားနာဖြစ်တယ်။ ဒီတင်ပြခဲ့တဲ့အပေါ် ကျနော်တို့ဘက်က ကျေနပ်မှု ရှိပါတယ်။ နှစ်ဦးနှစ်ဖက် ဆက်လက် ကြားနာဖို့အတွက် တရားရုံးချုပ်ဆီက ဒီနေ့ တခါတည်း ဆုံးဖြတ်တာ မရှိသေးတော့ နောက်တပတ် မဟုတ်ရင် နှစ်ပတ်အတွင်း ပြန်ကြားနာမယ်လို့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်" ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ယနေ့ နံနက် (၁၀) နာရီခန့်က နှစ်ဖက်ကြားနာရာတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးကြည်ဝင်းကလည်းကောင်း၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့ (၂) ဦးအတွက် ဒေါ်ခင်ဌေးကြွယ်ကလည်းကောင်း အသီးသီး လျှောက်လဲချက် ပေးခဲ့ကြပြီး စစ်အစိုးရဘက်က ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး (၁) ဦး လာရောက်ကြားနာခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
ကြံ့ဖွံ့ပါတီအနေဖြင့် ရွေးကောက်ပွဲကာလတွင် အမတ်အရေအတွက် မည်မျှရမည်ကို ခန့်မှန်းရန်ခက်နေသည့်အတွက် မြို့တော်ဝန်က ယင်းသို့ ရပ်ဆိုင်းခိုင်းထားခြင်းဖြစ်ကြောင်း ရန်ကုန်စည်ပင်သာယာမှ လမ်းအင်ဂျင်နီယာတဦးက ပြောသည်။
၎င်းက "ကြံ့ခိုင်ဖွံ့ဖြိုးအတွက် ရန်ကုန်စည်ပင်က လုပ်ပေးရတာလေ။ လက်ရှိမှာ မြို့တော်ဝန်ကလည်း အမတ်လောင်းဖြစ်နေတော့ ရန်ကုန်အနေနဲ့ ပြည်သူတွေသဘောထားကို ယုံကြည်မှုမရှိတဲ့အတွက် လမ်းတွေအပြီးသတ်မခင်းဖို့ လုပ်ထားတာ။ ဒါက မြို့တော်ဝန်ရဲ့ ညွှန်ကြားချက်ပဲ" ဟု ပြောသည်။
ကြံ့ဖွံ့ပါတီမှ ရန်ကုန်မြို့နယ်များရှိ ရပ်ကွက်များအတွင်း လမ်းခင်းပြခြင်းဖြင့် ရွေးကောက်ပွဲအတွက် ပြည်သူများအား မဲဆွယ်လျက်ရှိရာတွင် ပါတီဝင်အင်အား အရေအတွက်ကို ကြည့်ကာ လမ်းခင်းပေးခြင်းဖြစ်ပြီး ပါတီဝင်အရေအတွက် မရသောလမ်းများကို ခင်းပေးခြင်းမရှိကြောင်း ထိုအင်ဂျင်နီယာက ပြောသည်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ လက်နက်ကိုင်တပ်မတော် (ကေအိုင်အေ) ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ (၂) ဦး သေဆုံးပြီး (၁) ဦးဒဏ်ရာရရှိကြောင်း နအဖပိုင် သတင်းစာများ၌ ဖော်ပြမှုအပေါ် ကေအိုင်အိုအဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
အောက်တိုဘာ (၁၇) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ကေအိုင်အေ စစ်ရုံးချုပ်၏ကြေညာချက်တွင် မိမိတို့နယ်မြေဖြစ်သော နွားလပို့တောင်တွင် ဖြစ်ပွားခဲ့သည့် မိုင်းပေါက်ကွဲမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ကေအိုင်အေသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးအား ထိခိုက်စေမည့်လုပ်ရပ်များ လုပ်ဆောင်ရန် ရည်ရွယ်ချက် လုံးဝမရှိပါကြောင်း ဖော်ပြထားသည်။
အောက်တိုဘာ (၁၅) ရက်ထုတ် နအဖသတင်းစာများတွင် ကေအိုင်အေ သောင်းကျန်သူများ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲသဖြင့် အပြစ်မဲ့ ပြည်သူ(၂) ဦး သေဆုံးပြီး (၁) ဦးဒဏ်ရာရရှိခဲ့ ဟူသည့် ခေါင်းစဉ်ဖြင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု ပင်းကြိုင် ကျေးရွာနေ ရွာသား (၅) ဦး ရွာအနောက်ဘက် (၁ဝ) မိုင်ခန့်အကွာ၊ ကချင်အထူးဒေသ (၂) နယ်မြေ၊ နွားလပို့ တောင်ပေါ်သို့ သွားရောက်စဉ် အောက်တိုဘာ (၁၃) ရက်၊ မွန်းတည့် (၁၂) နာရီခန့်အချိန်၌ နွားလပို့တောင်ထိပ်၌ ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ (၂) ဦးသေဆုံးပြီး (၁) ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။
အာဏာရှင်များ၏ ဖိနှိပ်မှုများကြားမှ ကမ္ဘာ့နေရာအနှံ့အပြားတွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်နေသော လူငယ်ကျောင်း သားများအား ကမ္ဘာကသိရှိပြီး ထောက်ခံမှုပိုမိုရရှိနိုင်ရန် ရည်ရွယ်၍ (၇) ကြိမ်မြောက် ကမ္ဘာ့ဒီမိုကရေစီလူငယ်များနေ့ကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ ပြုလုပ်သည်။
ကျင်းပရေးကော်မတီဝင်တဦးဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ နိုင်ငံခြားရေးရာကော်မတီအဖွဲ့မှ ကိုသွင်လင်းအောင်က"ကမ္ဘာအနှံ့မှာ မလွတ်မြောက်သေးတဲ့ အာဏာရှင်အမျိုးမျိုးရဲ့အောက်မှာ ရုန်းကန်နေရတဲ့လူငယ်တွေ ဘယ်လိုမျိုး ဆင်းရဲဒုက္ခတွေ ခံစားနေရသလဲဆိုတာ ကမ္ဘာကသိအောင် ပုံစံမျိုးစုံနဲ့ ကျင်းပတဲ့ပွဲဖြစ်တယ်" ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ဘတ်လက်မှတ် ကိုင်ဆောင်ထားသော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို ရွှေ့ပြောင်းအလုပ်သမားများအား မိမိတို့ကိုင်ဆောင်ထားသော အလုပ်လုပ်ခွင့် ဘတ်လက်မှတ် နောက်ထပ်တနှစ် သက်တမ်းဆက်ရန် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ခန့်ထားရေးဌာနမှ အသိပေးလိုက်သည်။
လာမည့်ဖေဖေါ်ဝါရီလ (၂၀) နှင့် (၂၈) ရက်နေ့တို့တွင် သက်တမ်းကုန်ဆုံးမည့် နိုင်ငံသားစိစစ်မှု လုပ်ထားဆဲ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက သက်တမ်းတိုးပေးမည် ဖြစ်သဖြင့် ပေးအပ်ထားသော ကာလအတွင်း သက်တမ်းတိုးရမည်ဖြစ်ကာ ဘတ်လက်မှတ်သက်တမ်း ပြန်မဆက်သောသူများအား နိုင်ငံအတွင်း နေထိုင်ခွင့် ပြုမည်မဟုတ်ဟု အလုပ်အကိုင်ခန့်ထားရေးဌာန ညွှန်ကြားရေးမှူး ခွန် ဂျီယာဆတ် ဆူခွန်သာက အောက်တိုဘာ (၁၄) ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
လာမည့် ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီ (၂၀) ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်းအလုပ်သမား (၃၉,၂၇၂) ဦးသည် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီ (၂၀) ရက်ထက် နောက်မကျဘဲ သက်တမ်းတိုးရမည်ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်တွင် သက်တမ်းကုန်ဆုံးမည့် အလုပ်သမား (၈၉၂,၉၈၃) ဦးသည် (၂၀၁၁) ခုနှစ် ဖေဖေါ်ဝါရီ (၂၈) ရက်ထက် နောက်မကျဘဲ သက်တမ်းတိုးရမည်ဖြစ်သည်။ အုပ်စုနှစ်မျိုးစလုံးသည် နောက်ထပ်တနှစ်စီ နေထိုင်အလုပ်လုပ်ခွင့်ရမည် ဖြစ်သည်။
Read more..
http://www.khitpyaing.org
ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ ကြားနာ
နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပြစ်ဒဏ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံဝင်မှုကို ရန်ကုန်တိုင်း တရားရုံးချုပ်၌ ယနေ့ ကြားနာခဲ့ရာတွင် အယူခံအတွက် ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက "ဒီနေ့ ပြစ်ဒဏ်ချမှတ်တာကို ပြင်ဆင်ပေးဖို့ ကျနော်တို့ဘက်က အယူခံတင်ပြတာကို ကြားနာဖြစ်တယ်။ ဒီတင်ပြခဲ့တဲ့အပေါ် ကျနော်တို့ဘက်က ကျေနပ်မှု ရှိပါတယ်။ နှစ်ဦးနှစ်ဖက် ဆက်လက် ကြားနာဖို့အတွက် တရားရုံးချုပ်ဆီက ဒီနေ့ တခါတည်း ဆုံးဖြတ်တာ မရှိသေးတော့ နောက်တပတ် မဟုတ်ရင် နှစ်ပတ်အတွင်း ပြန်ကြားနာမယ်လို့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်" ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ယနေ့ နံနက် (၁၀) နာရီခန့်က နှစ်ဖက်ကြားနာရာတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးကြည်ဝင်းကလည်းကောင်း၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့ (၂) ဦးအတွက် ဒေါ်ခင်ဌေးကြွယ်ကလည်းကောင်း အသီးသီး လျှောက်လဲချက် ပေးခဲ့ကြပြီး စစ်အစိုးရဘက်က ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး (၁) ဦး လာရောက်ကြားနာခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
လမ်းခင်းမှုများ တ၀က်တပျက်ဖြင့် ရပ်နားထားရန် မြို့တော်ဝန် ညွှန်ကြား
NEJ / ၁၈ အောက်တိုဘာ ၂၀၁၀
ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ခင်းပေးနေသော လမ်းများကို အပြီးသတ်မခင်းဘဲ တ၀က်တပျက်ဖြင့် ရပ်နားထားမည်ဟု သိရသည်။ကြံ့ဖွံ့ပါတီအနေဖြင့် ရွေးကောက်ပွဲကာလတွင် အမတ်အရေအတွက် မည်မျှရမည်ကို ခန့်မှန်းရန်ခက်နေသည့်အတွက် မြို့တော်ဝန်က ယင်းသို့ ရပ်ဆိုင်းခိုင်းထားခြင်းဖြစ်ကြောင်း ရန်ကုန်စည်ပင်သာယာမှ လမ်းအင်ဂျင်နီယာတဦးက ပြောသည်။
၎င်းက "ကြံ့ခိုင်ဖွံ့ဖြိုးအတွက် ရန်ကုန်စည်ပင်က လုပ်ပေးရတာလေ။ လက်ရှိမှာ မြို့တော်ဝန်ကလည်း အမတ်လောင်းဖြစ်နေတော့ ရန်ကုန်အနေနဲ့ ပြည်သူတွေသဘောထားကို ယုံကြည်မှုမရှိတဲ့အတွက် လမ်းတွေအပြီးသတ်မခင်းဖို့ လုပ်ထားတာ။ ဒါက မြို့တော်ဝန်ရဲ့ ညွှန်ကြားချက်ပဲ" ဟု ပြောသည်။
ကြံ့ဖွံ့ပါတီမှ ရန်ကုန်မြို့နယ်များရှိ ရပ်ကွက်များအတွင်း လမ်းခင်းပြခြင်းဖြင့် ရွေးကောက်ပွဲအတွက် ပြည်သူများအား မဲဆွယ်လျက်ရှိရာတွင် ပါတီဝင်အင်အား အရေအတွက်ကို ကြည့်ကာ လမ်းခင်းပေးခြင်းဖြစ်ပြီး ပါတီဝင်အရေအတွက် မရသောလမ်းများကို ခင်းပေးခြင်းမရှိကြောင်း ထိုအင်ဂျင်နီယာက ပြောသည်။
မိုင်းပေါက်ကွဲမှုကိစ္စ ကေအိုင်အို ကြေညာချက်ထုတ်
ပေါက်ပေါက် / ၁၈ အောက်တိုဘာ ၂၀၁၀ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ လက်နက်ကိုင်တပ်မတော် (ကေအိုင်အေ) ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ (၂) ဦး သေဆုံးပြီး (၁) ဦးဒဏ်ရာရရှိကြောင်း နအဖပိုင် သတင်းစာများ၌ ဖော်ပြမှုအပေါ် ကေအိုင်အိုအဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
အောက်တိုဘာ (၁၇) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ကေအိုင်အေ စစ်ရုံးချုပ်၏ကြေညာချက်တွင် မိမိတို့နယ်မြေဖြစ်သော နွားလပို့တောင်တွင် ဖြစ်ပွားခဲ့သည့် မိုင်းပေါက်ကွဲမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ကေအိုင်အေသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးအား ထိခိုက်စေမည့်လုပ်ရပ်များ လုပ်ဆောင်ရန် ရည်ရွယ်ချက် လုံးဝမရှိပါကြောင်း ဖော်ပြထားသည်။
အောက်တိုဘာ (၁၅) ရက်ထုတ် နအဖသတင်းစာများတွင် ကေအိုင်အေ သောင်းကျန်သူများ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲသဖြင့် အပြစ်မဲ့ ပြည်သူ(၂) ဦး သေဆုံးပြီး (၁) ဦးဒဏ်ရာရရှိခဲ့ ဟူသည့် ခေါင်းစဉ်ဖြင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု ပင်းကြိုင် ကျေးရွာနေ ရွာသား (၅) ဦး ရွာအနောက်ဘက် (၁ဝ) မိုင်ခန့်အကွာ၊ ကချင်အထူးဒေသ (၂) နယ်မြေ၊ နွားလပို့ တောင်ပေါ်သို့ သွားရောက်စဉ် အောက်တိုဘာ (၁၃) ရက်၊ မွန်းတည့် (၁၂) နာရီခန့်အချိန်၌ နွားလပို့တောင်ထိပ်၌ ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ (၂) ဦးသေဆုံးပြီး (၁) ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။
ကမ္ဘာ့ဒီမိုကရေစီလူငယ်များနေ့ ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပ
ရဲရင့် / ၁၈ အောက်တိုဘာ ၂၀၁၀အာဏာရှင်များ၏ ဖိနှိပ်မှုများကြားမှ ကမ္ဘာ့နေရာအနှံ့အပြားတွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်နေသော လူငယ်ကျောင်း သားများအား ကမ္ဘာကသိရှိပြီး ထောက်ခံမှုပိုမိုရရှိနိုင်ရန် ရည်ရွယ်၍ (၇) ကြိမ်မြောက် ကမ္ဘာ့ဒီမိုကရေစီလူငယ်များနေ့ကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ ပြုလုပ်သည်။
ကျင်းပရေးကော်မတီဝင်တဦးဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ နိုင်ငံခြားရေးရာကော်မတီအဖွဲ့မှ ကိုသွင်လင်းအောင်က"ကမ္ဘာအနှံ့မှာ မလွတ်မြောက်သေးတဲ့ အာဏာရှင်အမျိုးမျိုးရဲ့အောက်မှာ ရုန်းကန်နေရတဲ့လူငယ်တွေ ဘယ်လိုမျိုး ဆင်းရဲဒုက္ခတွေ ခံစားနေရသလဲဆိုတာ ကမ္ဘာကသိအောင် ပုံစံမျိုးစုံနဲ့ ကျင်းပတဲ့ပွဲဖြစ်တယ်" ဟု ပြောသည်။
ဘတ်လက်မှတ် သက်တမ်းဆက်ရန် အသိပေး
မြတ်ခိုင်ဦး / ၁၈ အောက်တိုဘာ ၂၀၁၀ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ဘတ်လက်မှတ် ကိုင်ဆောင်ထားသော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို ရွှေ့ပြောင်းအလုပ်သမားများအား မိမိတို့ကိုင်ဆောင်ထားသော အလုပ်လုပ်ခွင့် ဘတ်လက်မှတ် နောက်ထပ်တနှစ် သက်တမ်းဆက်ရန် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ခန့်ထားရေးဌာနမှ အသိပေးလိုက်သည်။
လာမည့်ဖေဖေါ်ဝါရီလ (၂၀) နှင့် (၂၈) ရက်နေ့တို့တွင် သက်တမ်းကုန်ဆုံးမည့် နိုင်ငံသားစိစစ်မှု လုပ်ထားဆဲ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက သက်တမ်းတိုးပေးမည် ဖြစ်သဖြင့် ပေးအပ်ထားသော ကာလအတွင်း သက်တမ်းတိုးရမည်ဖြစ်ကာ ဘတ်လက်မှတ်သက်တမ်း ပြန်မဆက်သောသူများအား နိုင်ငံအတွင်း နေထိုင်ခွင့် ပြုမည်မဟုတ်ဟု အလုပ်အကိုင်ခန့်ထားရေးဌာန ညွှန်ကြားရေးမှူး ခွန် ဂျီယာဆတ် ဆူခွန်သာက အောက်တိုဘာ (၁၄) ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
လာမည့် ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီ (၂၀) ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်းအလုပ်သမား (၃၉,၂၇၂) ဦးသည် ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီ (၂၀) ရက်ထက် နောက်မကျဘဲ သက်တမ်းတိုးရမည်ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်တွင် သက်တမ်းကုန်ဆုံးမည့် အလုပ်သမား (၈၉၂,၉၈၃) ဦးသည် (၂၀၁၁) ခုနှစ် ဖေဖေါ်ဝါရီ (၂၈) ရက်ထက် နောက်မကျဘဲ သက်တမ်းတိုးရမည်ဖြစ်သည်။ အုပ်စုနှစ်မျိုးစလုံးသည် နောက်ထပ်တနှစ်စီ နေထိုင်အလုပ်လုပ်ခွင့်ရမည် ဖြစ်သည်။
Read more..
http://www.khitpyaing.org
Category:

0 comments