VOA Burmese E-mail News Summary

Burma Campaign Japan | 7:45 PM | 0 comments

ထိပ်တန်းသတင်း

ရွေးကောက်ပွဲအတွက် မြန်မာသံရုံးတွေမှာ ကြိုတင်မဲပေး

မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတဲ့ အစီအစဉ်တွေထဲက တခုအဖြစ် အမေရိကန် ပြည်ထောင်စုမှာ စတင်လိုက်ပါတယ်။

အတိုက်အခံသတင်း ဖော်ပြတဲ့ မီဒီယာတွေ ပိတ်ဖို့ အီရန်အစိုးရ သတိပေး

အတိုက်အခံခေါင်းဆောင် သတင်းတွေ ဆက်လက် ဖော်ပြမယ်ဆိုရင် ပိတ်ပစ်မယ်လို့ ပြည်တွင်းသတင်းဌာနတွေကို အီရန်အာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။

ပြင်သစ် အပါအ၀င် ဥရောပမှာ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်ဖွယ်ရှိ

ပြင်သစ်နိုင်ငံမှာ အယ်လ်ကိုင်းဒါးအဖွဲ့ အကြမ်းဖက်မှု အန္တရာယ် ရှိနေတယ် ဆိုတာကို ဆော်ဒီအာရေးဗျနိုင်ငံက သတိပေးထားပါတယ်။

ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ ဂျပန်ရှိ မြန်မာသံရုံး အကြောင်းကြား

လာမယ့် ၁၉ ရက်နေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ကြိုတင်မဲ လာရောက်ပေးကြဖို့ မြန်မာသံရုံးက အကြောင်းကြားထားပါတယ်။

ပြန်စတင်မယ့် နျူကလီးယား ဆွေးနွေးပွဲ အီရန်သမ္မတ ကြိုဆို

အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲတွေ ပြန်ပြီး စတင်မယ့် ကိစ္စကို ကြိုဆိုကြောင်း အီရန်သမ္မတ မာမွတ် အမာဒီနီဂျက်ဒ်က ဒီနေ့ ပြောဆိုခဲ့ပါတယ်။

မက်ဂီမုန်တိုင်း တနင်္ဂနွေည ဖိလစ်ပိုင်ဝင်မည်

ဒီနေ့ တနင်္ဂနွေနေ့ညမှာ ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်းပေါ်ကို မက်ဂီမုန်တိုင်း ကျရောက်မှာ ဖြစ်ပါတယ်။

ပူးပေါင်းလုပ်ဆောင်မှုအားနည်းလို့ မြန်မာစစ်အစိုးရအပေါ် ကုလအတွင်းရေးမှူးချုပ် စိတ်ပျက်

နိုင်ငံရေးအကျပ်အတည်းကိုရော လက်နက်ကိုင်ပဋိပက္ခတွေကိုပါ ကျော်လွှားနိုင်ဖို့ မြန်မာနိုင်ငံ ဆောင်ရွက်ရမယ်လို့ ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (စက်တင်ဘာ ၂၀၁၀)

ကျွန်းပိုင်ဆိုင်မှုအတွက် တရုတ်နဲ့ ဂျပန်တို့ အပြိုင် ဆန္ဒပြ

အရှေ့ တရုတ်ပင်လယ်ထဲက သူပိုင်ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ ကျွန်းတွေရဲ့ ပိုင်ဆိုင်မှုအတွက် တရုတ်နဲ့ ဂျပန်နိုင်ငံတွေမှာ ဆန္ဒပြခဲ့ကြပါတယ်။

အရှေ့တရုတ်ပင်လယ်ထဲက Senkaku ကျွန်းစုတွေကို ဂျပန်ပိုင်အဖြစ် ကြွေးကြော် ဆန္ဒပြနေကြသည့် ဂျပန်နိုင်ငံသားတချို့ (အောက်တိုဘာ ၁၆၊ ၂၀၁၀)

Megi တိုင်ဖုန်းမုန်တိုင်း ဖိလစ်ပိုင်ကို ဖြတ်သန်း တိုက်ခတ်မည်

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဝင်ရောက် တိုက်ခတ်လာမယ့် Megi မုန်တိုင်းဒဏ် ခံနိုင်ဖို့ ဖိလစ်ပိုင်နိုင်ငံမှာ ပြင်ဆင်နေကြပါတယ်။

မက်ဂီ မုန်တိုင်းအန္တရာယ် ကြိုတင်သတိပေးချက် ထွက်ပေါ်လာပြီးနောက် တွေ့ရသည့် မနီလာမြို့မြင်ကွင်း (အောက်တိုဘာ ၁၆၊ ၂၀၁၀)

၂၀၀၈ မွန်ဘိုင်းအကြမ်းဖက် တိုက်ခိုက်ခံရမှု မတိုင်ခင် FBI သတင်းကြိုတင်ရရှိ

၂၀၀၈ မွန်ဘိုင်းမြို့ တိုက်ခိုက်မှုမတိုင်မီ နှစ်အတော်ကြာကတည်းက FBI က သတင်းရရှိခဲ့တယ်လို့ ၀ါရှင်တန်ပို့စ် သတင်းစာကြီးက ဆိုပါတယ်။

၂၀၀၈ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် မွန်ဘိုင်းမြို့က Taj Mahal ဟိုတယ် (နိုဝင်ဘာ ၂၇၊ ၂၀၁၀)
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA3263CD8E0ABA2C79F2D086A3F68C1F414E">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments