Fwd: Khitpyaing update 25/10/2010
Khitpyaing update 25/10/2010
မြန်မာနိုင်ငံကို တစ်ပြည်ထောင်စနစ်လည်း မဟုတ်၊ ခွဲထွက်ရေးစနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ရန်အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူကျင်းပသွားရန် အတိုက်အခံ ခေါင်းဆောင်တို့က ယခုကဲ့သို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က "ကြေညာစာတမ်းရဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေတဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေး ရရှိရေး၊ တန်းတူရေးတို့အတွက် အခု ရွေးကောက်ပွဲက ဖန်တီးပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ လိုလားသူတွေ အားလုံး ပါဝင်မည့် ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ဖို့ ကျနော်တို့က လက်မှတ်ရေးထိုးတာ ဖြစ်တယ်" ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
၂၀၁၀ ပြည့်နှစ်နှင့် သဏ္ဍာန်တူနှစ်များ (analogueyears) ရွေးချယ်လေ့လာမှုအရ နိုဝင်ဘာလအတွင်း မုန်တိုင်းဖြစ်ရန် အလားအလာတွေ့ရှိချက်မှာ (၆၀) ရာခိုင်နှုန်း ရှိနေကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
၎င်းက "နှစ်တွေအားလုံးက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း (၆) ကြိမ်ဖြစ်ခဲ့တယ်လို့ ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ ဂီရိ အပါအ၀င်မှာ ဒီနှစ်ထဲမုန်တိုင်းက (၄) ကြိမ်သာဖြစ်ပါသေးတယ်" ဟု ပြောသည်။
လတ်တလော ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ လေထုမငြိမ်သက်မှုများဖြစ်နေကာ ပင်လယ်ရေအပူချိန် ပြန်လည်မြင့်တက်နေကြောင်း၊ ကပ္ပလီကျွန်းစုဧ။်တောင်ဖက်အစွယ်တွင် ပင်လယ်ရေအပူချိန်များ တက်နေသည်ကို အထူးဂရုပြု စောင့်ကြည့်ရန်လိုနေကြောင်းလည်း ၎င်းကပြောသည်။
"မိုးလေ၀သ သတင်းတွေကို အမှန်အတိုင်း ပြည်သူတွေသိနိုင်ဖို့ ကျနော်ထွန်းလွင်ကလည်း အင်တာနက်မှာ သတင်းတွေကို အချိန်နဲ့တပြေးညီ တင်ပြနေပါတယ်" ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
ယနေ့ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ နိုင်ငံတော် လုပ်ငန်းကုမ္ပဏီများမှ လုပ်သားများ ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ (SERC)၊ ထိုင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (TLSC) နှင့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) တို့က မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်ပို့ဆောင်ရေး အစီအစဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီအား လိုအပ်သော စစ်ဆေးစုံစမ်းမှုများ စတင်ဖို့ညွှန်ကြားရန်နှင့် ထိုင်းတော်ဝင်အစိုးရအား ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးကို တိုးမြှင့်လက်ခံလာရေး တိုက်တွန်းရန်နှင့် အနာဂတ်ကာလ ရွှေ့ပြောင်းအလုပ်သမားအရေး မူဝါဒများတွင် တိုးတက်မှုများရှိလာစေရန်တို့ ပါဝင်သော တောင်းဆိုချက်များ ပါဝင်သည်။
မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ တမြို့လုံး ပျက်စီးကာ မြေပုံမြို့နှင့် ယင်းမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၀) ခန့် ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ လူဦးရေပေါင်း သောင်းနှင့်ချီ ရှိနေကြောင်း သိရသည်။
"ကျောက်ဖြူမှာ မြို့ပေါ်ရပ်ကွက်တွေတောင် ရေကမကျသေးဘူး။ သေတာလည်းရှိတယ်။ စာရင်းအရတော့ တိတိကျကျ မသိရသေးဘူး။ အစိုးရကတော့ သေတာလည်း မထုတ်ပြန်ရဘူး ပြောနေတယ်။ ကျနော် သိသလောက်က လောလောဆယ် သေသူစာရင်းက (၃၀) လောက် ရှိပါပြီ။ မြို့ပေါ်နဲ့ ရွာတွေက စာရင်းအရပါ" ဟု ကျောက်ဖြူမြို့ စေတီကွင်းရပ်ကွက်သား တဦးက ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် ကျောက်ဖြူမြို့၊ မြေပုံမြို့တို့ကို အများဆုံး တိုက်ခတ်ခဲ့သောကြောင့် ယင်းမြို့နယ်များမှ ကျေးရွာပေါင်း ရာဂဏန်းခန့် ပျက်စီးကာ သေကျေမှုများလည်း ရှိကြောင်း စစ်တွေမြို့မှ လူမှုဝန်ထမ်း အရာထမ်းတဦးက ပြောသည်။
မုံးကိုးမြို့၊ နအဖစစ်တပ် ရှေ့တန်းစခန်းရုံးအား အကာအကွယ်ပေးထားသည့် ပြည်သူ့စစ်စခန်း၌ တပ်ဖွဲ့ဝင်အနည်းငယ်သာ ရှိနေခိုက် လက်နက်ကိုင်အဖွဲ့တခုက လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မုံးကိုးပြည်သူ့စစ်အဖွဲ့နှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။
၎င်းက "မနက်ပိုင်း ခပ်စောစောမှာ အတိုက်ခံလိုက်ရတယ်။ အဲဒီစခန်းက နအဖတပ် ရှေ့တန်းရုံးကို ကာထားတဲ့ စခန်း။ တပ်စိတ်တစိတ်လောက် ရှိနေတဲ့အချိန်မှာ အလစ်အငိုက် လာတိုက်သွားတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဒေသခံ ကချင်ကောင်လေး တယောက် သေတယ်။ တရုတ်လုပ် မောင်းပြန်ရိုင်ဖယ် (၃) လက် ပါသွားတယ်" ဟု ပြောသည်။
အခင်းဖြစ်သည့်နေ့တွင် မုံးကိုးမြို့၌ ဒေသခံလူထုကို ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံး ဟောပြောပွဲတခု ပြုလုပ်ရန်ရှိနေရာ မနက်ပိုင်း တိုက်ခိုက်မှုကြောင့် လူထုစည်းဝေးပွဲလည်း ပျက်သွားကြောင်း အဆိုပါ ဒေသခံက ပြောသည်။
နံနက် (၁) နာရီကျော်မှ စတင်လောင်ခဲ့သည့် မီးကြောင့် လိုင်ဇာဈေးရှိ ဆိုင်ခန်း (၁၁၉) ခန်းနှင့် အိမ် (၉) လုံး မီးလောင်ပြာကျခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုးအား ပဏာမ ခန့်မှန်းတွက်ချက်ထားမှုအရ ကျပ်သိန်း (၉ဝဝဝ) ရှိခဲ့သည်ဟု ကေအိုင်အို အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက "တရုတ်ငွေနဲ့ ဗမာငွေ လဲတဲ့ဆိုင်တို့၊ ငွေလွှဲဌာနတွေပါ ပါသွားတယ်။ တရုတ်ငွေချည်းပဲ ယွမ် (၃၅) သိန်း ကျော်တယ်။ ဗမာငွေနဲ့တွက်ရင် သိန်း (၅ဝဝဝ) ကျော်ရှိတယ်။ ဆိုင်ခန်းနဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးက ကျပ်သိန်း (၃၄ဝဝ) ကျော်ရှိတယ်၊ အားလုံးစုစုပေါင်း သိန်း (၉ဝဝဝ) လောက်ရှိသွားတယ်" ဟု ပြောသည်။
Read more..
http://www.khitpyaing.org
ဒုတိယပင်လုံညီလာခံ ခေါ်ရန် အတိုက်အခံခေါင်းဆောင်များ သဘောတူ
စစ်အစိုးရ ကြီးမှူးကျင်းပမည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီရေးအတွက် တိုးတက်ဖြစ်ထွန်းမည့် အပြောင်းအလဲ ဖြစ်လာမည် မဟုတ်၍ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်မည့် ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင်များ၊ ဝါရင့် နိုင်ငံရေးသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များက သဘောတူညီမှု ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။မြန်မာနိုင်ငံကို တစ်ပြည်ထောင်စနစ်လည်း မဟုတ်၊ ခွဲထွက်ရေးစနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ရန်အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူကျင်းပသွားရန် အတိုက်အခံ ခေါင်းဆောင်တို့က ယခုကဲ့သို့ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က "ကြေညာစာတမ်းရဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေတဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေး ရရှိရေး၊ တန်းတူရေးတို့အတွက် အခု ရွေးကောက်ပွဲက ဖန်တီးပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ လိုလားသူတွေ အားလုံး ပါဝင်မည့် ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ဖို့ ကျနော်တို့က လက်မှတ်ရေးထိုးတာ ဖြစ်တယ်" ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
နိုဝင်ဘာတွင် မုန်တိုင်း လာရန်ရှိသေးဟု ဒေါက်တာထွန်းလွင် ပြော
ရွေးကောက်ပွဲ ပြုလုပ်မည့် နိုဝင်ဘာလတွင် မုန်တိုင်းတခု ထပ်ဖြစ်ရန်ရှိနေကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။၂၀၁၀ ပြည့်နှစ်နှင့် သဏ္ဍာန်တူနှစ်များ (analogueyears) ရွေးချယ်လေ့လာမှုအရ နိုဝင်ဘာလအတွင်း မုန်တိုင်းဖြစ်ရန် အလားအလာတွေ့ရှိချက်မှာ (၆၀) ရာခိုင်နှုန်း ရှိနေကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
၎င်းက "နှစ်တွေအားလုံးက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း (၆) ကြိမ်ဖြစ်ခဲ့တယ်လို့ ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ ဂီရိ အပါအ၀င်မှာ ဒီနှစ်ထဲမုန်တိုင်းက (၄) ကြိမ်သာဖြစ်ပါသေးတယ်" ဟု ပြောသည်။
လတ်တလော ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ လေထုမငြိမ်သက်မှုများဖြစ်နေကာ ပင်လယ်ရေအပူချိန် ပြန်လည်မြင့်တက်နေကြောင်း၊ ကပ္ပလီကျွန်းစုဧ။်တောင်ဖက်အစွယ်တွင် ပင်လယ်ရေအပူချိန်များ တက်နေသည်ကို အထူးဂရုပြု စောင့်ကြည့်ရန်လိုနေကြောင်းလည်း ၎င်းကပြောသည်။
"မိုးလေ၀သ သတင်းတွေကို အမှန်အတိုင်း ပြည်သူတွေသိနိုင်ဖို့ ကျနော်ထွန်းလွင်ကလည်း အင်တာနက်မှာ သတင်းတွေကို အချိန်နဲ့တပြေးညီ တင်ပြနေပါတယ်" ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
ဘန်ကီမွန်း၏ ထိုင်းခရီးစဉ်အတွင်း အလုပ်သမားရေးအဖွဲ့များ စာပို့မည်
မနက်ဖြန် အောက်တိုဘာ (၂၆) ရက်တွင် ထိုင်းနိုင်ငံသို့ရောက်ရှိလာမည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ အလုပ်သမားရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းကြီး (၃) ခုတို့ စုပေါင်း၍ ထိုင်းနိုင်ငံအတွင်းမှ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးပို့ဆောင်မှုတွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်း၊ တားဆီးပေးသွားရန် စာရေးသားပေးပို့မည်ဟု သိရှိရသည်။ယနေ့ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ နိုင်ငံတော် လုပ်ငန်းကုမ္ပဏီများမှ လုပ်သားများ ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့ (SERC)၊ ထိုင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (TLSC) နှင့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF) တို့က မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်ပို့ဆောင်ရေး အစီအစဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီအား လိုအပ်သော စစ်ဆေးစုံစမ်းမှုများ စတင်ဖို့ညွှန်ကြားရန်နှင့် ထိုင်းတော်ဝင်အစိုးရအား ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးကို တိုးမြှင့်လက်ခံလာရေး တိုက်တွန်းရန်နှင့် အနာဂတ်ကာလ ရွှေ့ပြောင်းအလုပ်သမားအရေး မူဝါဒများတွင် တိုးတက်မှုများရှိလာစေရန်တို့ ပါဝင်သော တောင်းဆိုချက်များ ပါဝင်သည်။
ရခိုင်လေဘေး အရေးပေါ် ကယ်ဆယ်ရေးလိုအပ်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးမှ ပြီးခဲ့သည့်အောက်တိုဘာ (၂၂) ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းဂီရိကြောင့် မုန်တိုင်းဖြတ်သွားသော ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးများ အမြန်လိုအပ်နေသည်။မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ တမြို့လုံး ပျက်စီးကာ မြေပုံမြို့နှင့် ယင်းမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၀) ခန့် ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ လူဦးရေပေါင်း သောင်းနှင့်ချီ ရှိနေကြောင်း သိရသည်။
"ကျောက်ဖြူမှာ မြို့ပေါ်ရပ်ကွက်တွေတောင် ရေကမကျသေးဘူး။ သေတာလည်းရှိတယ်။ စာရင်းအရတော့ တိတိကျကျ မသိရသေးဘူး။ အစိုးရကတော့ သေတာလည်း မထုတ်ပြန်ရဘူး ပြောနေတယ်။ ကျနော် သိသလောက်က လောလောဆယ် သေသူစာရင်းက (၃၀) လောက် ရှိပါပြီ။ မြို့ပေါ်နဲ့ ရွာတွေက စာရင်းအရပါ" ဟု ကျောက်ဖြူမြို့ စေတီကွင်းရပ်ကွက်သား တဦးက ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်း ဂီရိသည် ကျောက်ဖြူမြို့၊ မြေပုံမြို့တို့ကို အများဆုံး တိုက်ခတ်ခဲ့သောကြောင့် ယင်းမြို့နယ်များမှ ကျေးရွာပေါင်း ရာဂဏန်းခန့် ပျက်စီးကာ သေကျေမှုများလည်း ရှိကြောင်း စစ်တွေမြို့မှ လူမှုဝန်ထမ်း အရာထမ်းတဦးက ပြောသည်။
မုံးကိုးပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရ
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ၊ မုံးကိုးမြို့ရှိ ပြည်သူ့စစ်စခန်းတခုကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ယမန်နေ့ နံနက်ပိုင်းတွင် လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၁) ဦး သေဆုံးသွားကြောင်း သိရသည်။မုံးကိုးမြို့၊ နအဖစစ်တပ် ရှေ့တန်းစခန်းရုံးအား အကာအကွယ်ပေးထားသည့် ပြည်သူ့စစ်စခန်း၌ တပ်ဖွဲ့ဝင်အနည်းငယ်သာ ရှိနေခိုက် လက်နက်ကိုင်အဖွဲ့တခုက လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မုံးကိုးပြည်သူ့စစ်အဖွဲ့နှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။
၎င်းက "မနက်ပိုင်း ခပ်စောစောမှာ အတိုက်ခံလိုက်ရတယ်။ အဲဒီစခန်းက နအဖတပ် ရှေ့တန်းရုံးကို ကာထားတဲ့ စခန်း။ တပ်စိတ်တစိတ်လောက် ရှိနေတဲ့အချိန်မှာ အလစ်အငိုက် လာတိုက်သွားတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဒေသခံ ကချင်ကောင်လေး တယောက် သေတယ်။ တရုတ်လုပ် မောင်းပြန်ရိုင်ဖယ် (၃) လက် ပါသွားတယ်" ဟု ပြောသည်။
အခင်းဖြစ်သည့်နေ့တွင် မုံးကိုးမြို့၌ ဒေသခံလူထုကို ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံး ဟောပြောပွဲတခု ပြုလုပ်ရန်ရှိနေရာ မနက်ပိုင်း တိုက်ခိုက်မှုကြောင့် လူထုစည်းဝေးပွဲလည်း ပျက်သွားကြောင်း အဆိုပါ ဒေသခံက ပြောသည်။
လိုင်ဇာဈေးမီးလောင်၍ သိန်းထောင်နှင့်ချီ ဆုံးရှုံး
ယနေ့ မနက်ပိုင်းက ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုဌာနချုပ်ရှိရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ရှိ ဈေးအတွင်းမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းများနှင့် နေအိမ်အချို့ မီးထဲပါသွားပြီး ကျပ်သိန်း (၉ဝဝဝ) ဝန်းကျင် ဆုံးရှုံးသွားသည်ဟု သိရသည်။နံနက် (၁) နာရီကျော်မှ စတင်လောင်ခဲ့သည့် မီးကြောင့် လိုင်ဇာဈေးရှိ ဆိုင်ခန်း (၁၁၉) ခန်းနှင့် အိမ် (၉) လုံး မီးလောင်ပြာကျခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုးအား ပဏာမ ခန့်မှန်းတွက်ချက်ထားမှုအရ ကျပ်သိန်း (၉ဝဝဝ) ရှိခဲ့သည်ဟု ကေအိုင်အို အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက "တရုတ်ငွေနဲ့ ဗမာငွေ လဲတဲ့ဆိုင်တို့၊ ငွေလွှဲဌာနတွေပါ ပါသွားတယ်။ တရုတ်ငွေချည်းပဲ ယွမ် (၃၅) သိန်း ကျော်တယ်။ ဗမာငွေနဲ့တွက်ရင် သိန်း (၅ဝဝဝ) ကျော်ရှိတယ်။ ဆိုင်ခန်းနဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးက ကျပ်သိန်း (၃၄ဝဝ) ကျော်ရှိတယ်၊ အားလုံးစုစုပေါင်း သိန်း (၉ဝဝဝ) လောက်ရှိသွားတယ်" ဟု ပြောသည်။
Read more..
http://www.khitpyaing.org
Category:

0 comments