VOA Burmese E-mail News Summary

Burma Campaign Japan | 10:29 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာ့အရေး ကုလ အတွင်းရေးမှူးချုပ် အာရှမှာ ဆွေးနွေးဖွယ်ရှိ

ဟနွိုင်းမှာ ကျင်းပမယ့် အာရှထိပ်သီး ညီလာခံတက်မယ့် ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာ့အရေး ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

တရုတ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် လွှတ်ပေးရေး နိုဘယ်လ်ဆုရှင်တွေ တောင်းဆို

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ၁၅ ဦးက ၂၀၁၀ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘိုကို ပြန်လွှတ်ပေးရေး တိုက်တွန်းလိုက်ပါတယ်။

အီရန် အဏုမြူဓာတ်ပေါင်းဖို လောင်စာဖြည့်ဖို့ စီစဉ်

အီရန်အနေနဲ့ ဘူရှာဟာအရပ်က အဏုမြူ ဓာတ်ပေါင်းဖိုကို အောက်တိုဘာလ ၂၆ ရက်နေ့မှာ လောင်စာဆီ ဖြည့်တင်းဖို့ စီစဉ်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။

ပခုက္ကူ ရေနံပိုက်လိုင်းမီး လူအနည်းဆုံး ၁၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့နယ် ရေနံပိုက်လိုင်းမှာ မီးလောင်မှုဖြစ်ပွားပြီး လူ အနည်းဆုံး ၁၄ ဦး သေဆုံးပြီး ၁၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ရန်ကုန်မြို့ လုံခြုံရေးတင်းကျပ်

ရန်ကုန်မြို့က ရွှေတိဂုံဘုရားအနီးနဲ့ ရန်ကုန်ဆေးရုံကြီးနား အပါအ၀င် တခြားနေရာတချို့မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်။

ဂီရိမုန်တိုင်းဒဏ် မြေပုံမြို့နယ် အဆိုးဆုံးခံရ

ဂီရိမုန်တိုင်းကြောင့် မြေပုံမြို့နယ်မှာ ၉၀% နီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရေးမြို့ လူ ၅ဝဝ ကျော် ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ

ရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကလည်း တိုးလာနေပါတယ်။

မြန်မာနိုင်ငံ အလံသစ်နှင့် ပြည်ပရောက် အစိုးရအလံ ပုံစံတူ

မြန်မာစစ်အစိုးရက အတည်ပြု ပြဋ္ဌာန်းပြီး အသစ်ပြောင်းလဲ သုံးစွဲလိုက်တဲ့ နိုင်ငံတော် အလံသစ်ဟာ NCGUB ရဲ့ အလံနဲ့ တပုံစံတည်း ဖြစ်နေပါတယ်။

လိုင်ဇာဈေးကြီး မီးလောင်

တရုတ်၊ မြန်မာနယ်စပ် KIO ဌာနချုပ် အခြေစိုက်ထားတဲ့ လိုင်ဇာမြို့က ဈေးကြီးမှာ မနေ့ညက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

ရခိုင်လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမား

မြန်မာနိုင်ငံထဲကို ပြင်းပြင်းထန်ထန် ၀င်ရောက် တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်း ဂီရိကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA320DF6C7AA4F3557183A670C7F805ABE38">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments