Fwd: Khitpyaing update 26/10/2010
Khitpyaing update 26/10/2010
မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက "မွန်ပြည်သစ်ဟာ တရားဝင်ပါတီ၊ တရားဝင် လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တော့ဘူး။ ဒါကြောင့် ရုံးတွေကို သာမန်နေအိမ်တွေလိုပဲ အာဏာပိုင်တွေက သဘောထားတယ်တဲ့။ မြို့ပေါ်က ရုံးဆိုင်းဘုတ်တွေ ဖြုတ်ပေးပါလို့ လာပြောတယ်။ ရုံးစောင့်တွေကလည်း အဲဒါကို ဖြုတ်ပေးလိုက်တယ်။ ဒါက မွန်ပြည်သစ်ရဲ့ မြို့ပေါ်ရုံးတွေ၊ လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေကို အသိအမှတ်မပြုတော့ဘူးဆိုတာ ပြလိုက်တာပါပဲ" ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်ရှိ မွန်ပြည်သစ်၏ ဆက်ဆံရေးရုံးနှင့် စီးပွားရေးရုံး ဆိုင်းဘုတ်များမှလွဲ၍ ပြည်တွင်း မော်လမြိုင်၊ သံဖြူဇရပ်၊ ရေးမြို့တို့ရှိ ပါတီရုံးဆိုင်းဘုတ်များကို စစ်အစိုးရ အာဏာပိုင်တို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် ဖြုတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။
လာမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် ပြည်သူများအနေဖြင့် မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြရန် မွန်ပြည်သစ်ပါတီက ပြီးခဲ့သည့် အောက်တိုဘာ (၁၈) ရက်နေ့၌ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးသည့်နောက် ပါတီအပေါ် ယခုကဲ့သို့ ဖိအားပေးလာခြင်း ဖြစ်သည်။
အလုပ်သမားအခွင့်အရေးများ ချိုးဖောက်မှုဖြင့် မပပအေး ဦးဆောင်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများက ဆူဘန်းဂျာယား အလုပ်သမားရုံးသို့ ပြီးခဲ့သည့် ဇူလိုင် (၂၁) ရက်တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ယင်းတိုင်ကြားချက်တွင် လုပ်ငန်းရှင်မှ ပေးဆောင်ရမည့် နိုင်ငံခြားသားလုပ်သား ငှားရမ်းခအခွန်ကို အလုပ်သမားများ လစာငွေမှ နုတ်ယူခြင်း၊ အလုပ်လွှဲပြောင်းခကြေး၊ ရင်းဂစ် (၃,၅၀၀) ခန့်ရှိ စုငွေနှင့် အလုပ်သမားတို့၏ နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းထားခြင်း၊ အလုပ်သမားတိုင်း နေ့စဉ်အနည်းဆုံး (၅၀) ရင်းဂစ် ရရှိရမည့် လုပ်အားခကို (၂၃) ရင်းဂစ်သာပေးအပ်ခြင်း စသည့်အချက်များ ပါဝင်သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဝိုင်းဝန်းကူညီပေးနေသည့် ဘားမားကန်မ်ပိန်း (မလေးရှား) မှ ကိုထွန်းထွန်းက "ကျနော်တို့အနေနဲ့ ဒီပြဿနာကို နှစ်ဖက်ညှိနှိုင်းတဲ့အဆင့်မှာ ရောက်နေပါပြီ။ ပြီးခဲ့တဲ့ လကစပြီး နှစ်ဖက် ညှိနှိုင်းနေတာပါ။ ကျနော်တို့ ဆွေးနွေးတာကတော့ လဲဗီးငွေ အပြည့်အ၀ပြန်ရရေး၊ တချို့အလုပ်သမားတွေ ဆီကနေ အကြောင်းအမျိုးမျိုးပြပြီး ဖြတ်ထားတဲ့ ငွေပြန်ပေးရေး၊ ကုန်ဆုံးတော့မယ့် အလုပ်လုပ်ခွင့် ပါမစ်သက်တန်းတွေ တိုးပေးရေးတို့ ပါပါတယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။
၎င်းက "ဖွဲ့စည်းပုံအရ အငယ်ဆုံးဆိုတဲ့ မဲရုံမှာ အနည်းဆုံး မဲပုံး (၃) ပုံးကနေ (၄) ပုံး ရှိမယ်။ မဲပုံး (၁) ပုံးစီအတွက် ကြီးကြပ်သူ တဦး၊ မဲစာရင်း စစ်ဆေးသူတဦး၊ မဲကဒ်ပြား ထုတ်ပေးသူ တဦး ရှိမယ်။ အဲဒီ မဲရုံမှာ မဲရုံမှူး တဦးရှိမယ်။ နောက် လုံခြုံရေးယူတဲ့ အရံမီးသတ်တို့ ကြက်ခြေနီတို့လည်း ရှိဦးမယ် ဆိုတော့ စုစုပေါင်း အနည်းဆုံး (၁၅) ယောက်လောက် ရှိမယ်။ မဲရုံ (၂ဝဝ) လောက်ရှိတဲ့ မြို့နယ် တခုဆို မဲရုံဝန်ထမ်း စုစုပေါင်း (၃ဝဝဝ) အထက်ရှိမယ်။ ရန်ကုန်တိုင်းမှာ မြို့နယ် (၄၅) မြို့နယ်၊ မဲရုံ စုစုပေါင်း (၆၆ဝဝ) ဆောက်မှာ ဆိုတော့ မဲရုံဝန်ထမ်းချည်းပဲ လူ (၁) သိန်းကျော် ရှိမယ်၊ တနိုင်ငံလုံးဆို သန်းချီရှိနေမယ်" ဟု ရှင်းပြသည်။
ရန်ကုန်မြို့မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တဦးကမူ အဆိုပါ မဲရုံဝန်ထမ်းဆိုသူများသည် အစိုးရ၀န်ထမ်းများဖြစ်ရန် သေချာသလောက်ရှိနေကြောင်း၊ အစိုးရ၀န်ထမ်း မဲရုံတာဝန်ယူထားသူများ၊ အရံမီးသတ်များ၊ ကြက်ခြေနီများသည် ၂၀၀၈ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ လုပ်ခဲ့စဉ်ကလည်း အစိုးရစိတ်ကြိုက် အကောင်အထည်ဖော် လုပ်ကိုင်ပေးခဲ့ရသူများဖြစ်ကြောင်း ပြောဆိုသည်။
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် အထက်ပိုင်း၊ မေခမြစ် အနောက်ဖက်တလျှောက်ရှိ ကျေးရွာများတွင် အစားအစာ ရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရသကဲ့သို့ ဆေးဝါးမရှိ၍ ဖျားနာသေဆုံးမှုများ ရှိနေသည်။
အင်ဂျန်းယန်မြို့နယ် အထက်ပိုင်းရှိ ရှရွယ်၊ ထွယ်ဒါယန်၊ ဇမ်နောင်၊ လာခွမ်း ရွာများအပါအဝင် မေခမြစ် အနောက်ဘက်ကမ်းတလျှောက်ရှိ ကျေးရွာများသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ တပ်ရင်း (၁ဝ) ထိန်းချုပ်ထားရာ ဒေသလည်းဖြစ်ပြီး ချီဗွေမြို့မှ တင်သွင်းလာသည့် အစားအစာနှင့် ဆေးဝါးများကို မှီခိုနေခဲ့ရာမှ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းမှစ၍ ချီဗွေမြို့အထွက် စစ်ဆေးရေးဂိတ်က ပိတ်ပင်လိုက်သဖြင့် အစားအစာနှင့် ဆေးဝါး အခက်အခဲ ရှိနေသည်ဟု အဆိုပါဒေသမှ ပြန်လာသူ ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက "အဲဒီရွာတွေက နဂိုတည်းက ကျပ်တည်းကြတယ်။ တောင်ယာကထွက်တဲ့ ငရုတ်သီးတို့၊ ပိန်းဥတို့ ဈေးနေ့ တက်ရောင်း၊ ပြန်လာရင် လိုအပ်တဲ့ ဆန်၊ ဆားနဲ့ ဓာတ်မီး၊ ဓာတ်ခဲ အသုံးအဆောင်တွေ၊ ဆေးဝါးတွေ ဝယ်ကြရတယ်။ အခုက အဲဒီဘက်ကို ဆေးဝါးတွေ၊ ဆန်တွေ၊ ဆားတွေ ပေးမသယ်ဘူး။ ချီဗွေဂိတ်က တားထားလို့ အနောက်ဘက်ကမ်းကလူတွေ အတော်အခက်ခဲ ဖြစ်နေကြတယ်။ တပ်ရင်း (၁ဝ) က ကချင်ရဲဘော် ဆေးဆရာတွေလည်း ဆေးဝါးတွေပြတ်လို့ ရွာသားတွေကို သွားမကုပေးနိုင်ကြဘူး။ ကလေးတွေ သက်ကြီးရွယ်အိုတွေ အသေများနေတယ်။ ကချင်ရွာသားတွေလည်း အခုဆို ဆန်တွေမရှိလို့ ဖရုံတို့ ပိန်းဥတို့နဲ့ ရောစားနေရတယ်" ဟု ပြောသည်။
Read more..
http://www.khitpyaing.org
မွန်ပြည်သစ်ရုံး ဆိုင်းဘုတ်များကို အာဏာပိုင်တို့ ဖြုတ်ခိုင်း
ပါတီ တရားဝင်ခြင်း မရှိတော့ဟု အကြောင်းပြ၍ မြို့များ၌ ချိတ်ဆွဲထားသော မွန်ပြည်သစ်ပါတီရုံး ဆိုင်းဘုတ်များကို သက်ဆိုင်ရာ အာဏာပိုင်တို့က ဖြုတ်ခိုင်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက "မွန်ပြည်သစ်ဟာ တရားဝင်ပါတီ၊ တရားဝင် လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တော့ဘူး။ ဒါကြောင့် ရုံးတွေကို သာမန်နေအိမ်တွေလိုပဲ အာဏာပိုင်တွေက သဘောထားတယ်တဲ့။ မြို့ပေါ်က ရုံးဆိုင်းဘုတ်တွေ ဖြုတ်ပေးပါလို့ လာပြောတယ်။ ရုံးစောင့်တွေကလည်း အဲဒါကို ဖြုတ်ပေးလိုက်တယ်။ ဒါက မွန်ပြည်သစ်ရဲ့ မြို့ပေါ်ရုံးတွေ၊ လုပ်ငန်းတွေ၊ လှုပ်ရှားမှုတွေကို အသိအမှတ်မပြုတော့ဘူးဆိုတာ ပြလိုက်တာပါပဲ" ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်ရှိ မွန်ပြည်သစ်၏ ဆက်ဆံရေးရုံးနှင့် စီးပွားရေးရုံး ဆိုင်းဘုတ်များမှလွဲ၍ ပြည်တွင်း မော်လမြိုင်၊ သံဖြူဇရပ်၊ ရေးမြို့တို့ရှိ ပါတီရုံးဆိုင်းဘုတ်များကို စစ်အစိုးရ အာဏာပိုင်တို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် ဖြုတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။
လာမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် ပြည်သူများအနေဖြင့် မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြရန် မွန်ပြည်သစ်ပါတီက ပြီးခဲ့သည့် အောက်တိုဘာ (၁၈) ရက်နေ့၌ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးသည့်နောက် ပါတီအပေါ် ယခုကဲ့သို့ ဖိအားပေးလာခြင်း ဖြစ်သည်။
မလေးရှားမှ မြန်မာအလုပ်သမားများအရေး ကုမ္ပဏီက ညှိနှိုင်းဆွေးနွေး
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော JVC ကုမ္ပဏီ၏ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်မှုကို မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၃) ဦးက တိုင်တန်းလိုက်သောကြောင့် အမည်ပျက်စာရင်း မဝင်ရန် ကုမ္ပဏီက အလုပ်သမားရေးအဖွဲ့များနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။အလုပ်သမားအခွင့်အရေးများ ချိုးဖောက်မှုဖြင့် မပပအေး ဦးဆောင်သော မြန်မာရွှေ့ပြောင်းအလုပ်သမားများက ဆူဘန်းဂျာယား အလုပ်သမားရုံးသို့ ပြီးခဲ့သည့် ဇူလိုင် (၂၁) ရက်တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ယင်းတိုင်ကြားချက်တွင် လုပ်ငန်းရှင်မှ ပေးဆောင်ရမည့် နိုင်ငံခြားသားလုပ်သား ငှားရမ်းခအခွန်ကို အလုပ်သမားများ လစာငွေမှ နုတ်ယူခြင်း၊ အလုပ်လွှဲပြောင်းခကြေး၊ ရင်းဂစ် (၃,၅၀၀) ခန့်ရှိ စုငွေနှင့် အလုပ်သမားတို့၏ နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းထားခြင်း၊ အလုပ်သမားတိုင်း နေ့စဉ်အနည်းဆုံး (၅၀) ရင်းဂစ် ရရှိရမည့် လုပ်အားခကို (၂၃) ရင်းဂစ်သာပေးအပ်ခြင်း စသည့်အချက်များ ပါဝင်သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဝိုင်းဝန်းကူညီပေးနေသည့် ဘားမားကန်မ်ပိန်း (မလေးရှား) မှ ကိုထွန်းထွန်းက "ကျနော်တို့အနေနဲ့ ဒီပြဿနာကို နှစ်ဖက်ညှိနှိုင်းတဲ့အဆင့်မှာ ရောက်နေပါပြီ။ ပြီးခဲ့တဲ့ လကစပြီး နှစ်ဖက် ညှိနှိုင်းနေတာပါ။ ကျနော်တို့ ဆွေးနွေးတာကတော့ လဲဗီးငွေ အပြည့်အ၀ပြန်ရရေး၊ တချို့အလုပ်သမားတွေ ဆီကနေ အကြောင်းအမျိုးမျိုးပြပြီး ဖြတ်ထားတဲ့ ငွေပြန်ပေးရေး၊ ကုန်ဆုံးတော့မယ့် အလုပ်လုပ်ခွင့် ပါမစ်သက်တန်းတွေ တိုးပေးရေးတို့ ပါပါတယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။
တနိုင်ငံလုံး မဲရုံဝန်ထမ်း သန်းနှင့်ချီ ရှိမည်
ရွေးကောက်ပွဲကော်မရှင်က မဲရုံ အများအပြား ဆောက်လုပ်ရန် စီစဉ်နေသည့်အတွက် တနိုင်ငံလုံးအတိုင်းအတာနှင့်ဆိုလျှင် မဲရုံဝန်ထမ်းပေါင်း သန်းနဲ့ချီ ရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးမှ အဖွဲ့ဝင်တဦးက ပြောကြားသည်။၎င်းက "ဖွဲ့စည်းပုံအရ အငယ်ဆုံးဆိုတဲ့ မဲရုံမှာ အနည်းဆုံး မဲပုံး (၃) ပုံးကနေ (၄) ပုံး ရှိမယ်။ မဲပုံး (၁) ပုံးစီအတွက် ကြီးကြပ်သူ တဦး၊ မဲစာရင်း စစ်ဆေးသူတဦး၊ မဲကဒ်ပြား ထုတ်ပေးသူ တဦး ရှိမယ်။ အဲဒီ မဲရုံမှာ မဲရုံမှူး တဦးရှိမယ်။ နောက် လုံခြုံရေးယူတဲ့ အရံမီးသတ်တို့ ကြက်ခြေနီတို့လည်း ရှိဦးမယ် ဆိုတော့ စုစုပေါင်း အနည်းဆုံး (၁၅) ယောက်လောက် ရှိမယ်။ မဲရုံ (၂ဝဝ) လောက်ရှိတဲ့ မြို့နယ် တခုဆို မဲရုံဝန်ထမ်း စုစုပေါင်း (၃ဝဝဝ) အထက်ရှိမယ်။ ရန်ကုန်တိုင်းမှာ မြို့နယ် (၄၅) မြို့နယ်၊ မဲရုံ စုစုပေါင်း (၆၆ဝဝ) ဆောက်မှာ ဆိုတော့ မဲရုံဝန်ထမ်းချည်းပဲ လူ (၁) သိန်းကျော် ရှိမယ်၊ တနိုင်ငံလုံးဆို သန်းချီရှိနေမယ်" ဟု ရှင်းပြသည်။
ရန်ကုန်မြို့မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ တဦးကမူ အဆိုပါ မဲရုံဝန်ထမ်းဆိုသူများသည် အစိုးရ၀န်ထမ်းများဖြစ်ရန် သေချာသလောက်ရှိနေကြောင်း၊ အစိုးရ၀န်ထမ်း မဲရုံတာဝန်ယူထားသူများ၊ အရံမီးသတ်များ၊ ကြက်ခြေနီများသည် ၂၀၀၈ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ လုပ်ခဲ့စဉ်ကလည်း အစိုးရစိတ်ကြိုက် အကောင်အထည်ဖော် လုပ်ကိုင်ပေးခဲ့ရသူများဖြစ်ကြောင်း ပြောဆိုသည်။
မေခမြစ် အနောက်ဖက်ကမ်း ကျေးရွာများ စားနပ်ရိက္ခာနှင့် ဆေးဝါး ပြတ်လပ်
ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် အထက်ပိုင်း၊ မေခမြစ် အနောက်ဖက်တလျှောက်ရှိ ကျေးရွာများတွင် အစားအစာ ရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရသကဲ့သို့ ဆေးဝါးမရှိ၍ ဖျားနာသေဆုံးမှုများ ရှိနေသည်။
အင်ဂျန်းယန်မြို့နယ် အထက်ပိုင်းရှိ ရှရွယ်၊ ထွယ်ဒါယန်၊ ဇမ်နောင်၊ လာခွမ်း ရွာများအပါအဝင် မေခမြစ် အနောက်ဘက်ကမ်းတလျှောက်ရှိ ကျေးရွာများသည် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ တပ်ရင်း (၁ဝ) ထိန်းချုပ်ထားရာ ဒေသလည်းဖြစ်ပြီး ချီဗွေမြို့မှ တင်သွင်းလာသည့် အစားအစာနှင့် ဆေးဝါးများကို မှီခိုနေခဲ့ရာမှ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းမှစ၍ ချီဗွေမြို့အထွက် စစ်ဆေးရေးဂိတ်က ပိတ်ပင်လိုက်သဖြင့် အစားအစာနှင့် ဆေးဝါး အခက်အခဲ ရှိနေသည်ဟု အဆိုပါဒေသမှ ပြန်လာသူ ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက "အဲဒီရွာတွေက နဂိုတည်းက ကျပ်တည်းကြတယ်။ တောင်ယာကထွက်တဲ့ ငရုတ်သီးတို့၊ ပိန်းဥတို့ ဈေးနေ့ တက်ရောင်း၊ ပြန်လာရင် လိုအပ်တဲ့ ဆန်၊ ဆားနဲ့ ဓာတ်မီး၊ ဓာတ်ခဲ အသုံးအဆောင်တွေ၊ ဆေးဝါးတွေ ဝယ်ကြရတယ်။ အခုက အဲဒီဘက်ကို ဆေးဝါးတွေ၊ ဆန်တွေ၊ ဆားတွေ ပေးမသယ်ဘူး။ ချီဗွေဂိတ်က တားထားလို့ အနောက်ဘက်ကမ်းကလူတွေ အတော်အခက်ခဲ ဖြစ်နေကြတယ်။ တပ်ရင်း (၁ဝ) က ကချင်ရဲဘော် ဆေးဆရာတွေလည်း ဆေးဝါးတွေပြတ်လို့ ရွာသားတွေကို သွားမကုပေးနိုင်ကြဘူး။ ကလေးတွေ သက်ကြီးရွယ်အိုတွေ အသေများနေတယ်။ ကချင်ရွာသားတွေလည်း အခုဆို ဆန်တွေမရှိလို့ ဖရုံတို့ ပိန်းဥတို့နဲ့ ရောစားနေရတယ်" ဟု ပြောသည်။
Read more..
http://www.khitpyaing.org
Category:

0 comments