VOA Burmese E-mail News Summary

Burma Campaign Japan | 8:50 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာ့အရေး အာရှခရီးစဉ်မှာ အမေရိကန် ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးမည်

အမေရိကန် ထိပ်တန်းခေါင်းဆောင်တွေရဲ့ အာရှခရီးစဉ်အတွင်း မြန်မာ့အရေးကိစ္စကို အာရုံစိုက် ဆွေးနွေးမှုတွေ လုပ်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။

အင်ဒိုနီးရှား ဆူနာမီ ရေလှိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၁၁၃ ယောက်ရှိ

အင်ဒိုနီးရှားမှာ တနင်္လာနေ့က ငလျင်ကြောင့် ရိုက်ခတ်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် သေဆုံးသူ ဦးရေဟာ ၁၁၃ ယောက်အထိ ရှိသွားပြီ ဖြစ်ပါတယ်။

In this Monday, Oct. 25, 2010 photo, residents flee their homes to higher ground after a strong earthquake is felt in Padang, West Sumatra, Indonesia.

ကမ္ဘာ့ဖလား ဘောလုံးပွဲ ဟောကိန်းထုတ်သူ ရေဘ၀ဲကြီး ကွယ်လွန်

ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေရဲ့ အနိုင်အရှုံးကို မှန်မှန်ကန်ကန် ဟောကိန်းထုတ်ခဲ့တဲ့ ရေဘ၀ဲလေး ပေါလ်ဟာ အင်္ဂါနေ့ မနက်ခင်းက သေဆုံးသွားခဲ့ပါတယ်။

မြန်မာ့ရွေးကောက်ပွဲ အများလက်ခံနိုင်အောင် လုပ်ဖို့ အချိန်မနှောင်းသေး

မြန်မာ့ရွေးကောက်ပွဲအပေါ် အများက လက်ခံယုံကြည်အောင် ပြသဖို့ အချိန်နောက်မကျသေးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်မံပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အမှု နေပြည်တော် တရားရုံးချုပ်မှာ ၂၉ ရက်နေ့ ကြားနာမည်

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် အမှုအတွက် နေပြည်တော် တရားရုံးချုပ်မှာ လာမယ့် ၂၉ ရက်နေ့ ကြားနာမှာ ဖြစ်ပါတယ်။

ဂီရိမုန်တိုင်း ကယ်ဆယ်ရေး ရန်ပုံငွေ ရှာဖွေမှု စစ်အစိုးရ ကန့်သတ်

ဂီရိမုန်တိုင်း ဒုက္ခသည်တွေကို ကူညီမယ့် ပုဂ္ဂလိက အကူအညီပေးရေး အဖွဲ့တွေရဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အစိုးရက စတင် ကန့်သတ်လာပါတယ်။

ဂီရိမုန်တိုင်း ကယ်ဆယ်ရေး ကုလသမဂ္ဂ ကြိုးပမ်း

ဂီရိမုန်တိုင်းကြောင့် ကယ်ဆယ်ကူညီရေး လုပ်ငန်းတွေအတွက် အထောက်အပံ့တွေ ပေးကြဖို့ ကုလသမဂ္ဂ အဖွဲ့အစည်း အသီးသီးက မေတ္တာရပ်ခံထားပါတယ်။

အဂတိလိုက်စားမှု အများဆုံးနိုင်ငံထဲ မြန်မာ ပါဝင်

ကမ္ဘာပေါ်က အဂတိလိုက်စားမှု အဆိုးဆုံးနိုင်ငံတွေ စာရင်းထဲမှာ အာဖဂန်၊ မြန်မာ၊ အီရန်၊ ဆိုမားလီးယားနိုင်ငံတို့က ထိပ်ဆုံးက ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် ဆက်သွယ်မှု နှေးကွေး

မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းတွေအတွင်း အင်တာနက်လိုင်းတွေဟာ သုံးလို့မရအောင် နှေးကွေးလွန်းတာ၊ လိုင်းပြတ်တောက်တာတွေ ဖြစ်နေပါတယ်။

အီရတ် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကြိုးမိန့်ပေးခံရ

အီရတ် နိုင်ငံခြားရေး ၀န်ကြီးဟောင်း တာရစ် အဇစ်စ်ကို သေဒဏ် ကြိုးပေးကွပ်မျက်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32EC6E01FB3306AD5C65D3CBBB62FFC145">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments