Fwd: Khitpyaing update 27/10/2010
Khitpyaing update 27/10/2010
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက "အန်ဒီအက်ဖ်ပါတီက အဖွဲ့ချုပ်ရဲ့ ကိုယ်ပွားလိုလို၊ အဖွဲ့ချုပ်နဲ့ အတူတူပဲဆိုတဲ့ အဓိပ္ပာယ် သက်ရောက်စေတဲ့ မဲဆွယ်စည်းရုံးနေတဲ့အပေါ် မဟုတ်မှန်ကြောင်း ပြည်သူတွေ နားလည်အောင် အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြီး ရှင်းပြတာ ဖြစ်ပါတယ်။ ပြီးတော့ ခမောက် ဆိုတိုင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဟုတ်ဘူးဆိုတာ ထုတ်ပြန်တာလည်း ဖြစ်တယ်" ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အန်အယ်လ်ဒီအပါအ၀င် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ရွေးကောက်ပွဲဝင် အန်ဒီအက်ဖ်ပါတီက ၎င်းတို့၏ စည်းရုံးရေးခရီးစဉ်အတွင်း ထင်ယောင်ထင်မှား ဖြစ်စေသော ဝါဒဖြန့် ပြောဆိုနေမှုများသည် အန်အယ်လ်ဒီနှင့် မည်သို့မျှမသက်ဆိုင်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အာရှ (၄) နိုင်ငံခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ အောက်တိုဘာ (၂၆) ရက်တွင် ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် မြန်မာ့အရေးကို ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။ "နိုင်ငံတကာနဲ့ ကျနော်ရဲ့အရိုးသားဆုံး မျှော်လင့်ချက်ကတော့ အခုလာမယ့်ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အားလုံးပါဝင်နိုင်ပြီး အားထားရလောက်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကို မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောကြားသွားသည်။
ထို့အပြင် "အချိန် မနှောင်းသေးပါဘူး။ အခုချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ ပိုပြီး အားလုံးပါဝင်လာနိုင်တဲ့၊ ပူးပေါင်းဆောင်ရွက်မှု ရှိလာနိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်လာမှာပါ" ဟုလည်း ၎င်းက ပြောသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်၊ အာရှ (၄) နိုင်ငံခရီးစဉ်အတွင်း ထိုင်းသို့ တရက်ကြာခရီး ယမန်နေ့က ရောက်ရှိခဲ့ခြင်းဖြစ်သည်။
၎င်းက "ဒီလ (၂၈) ရက်နေ့ကစပြီး ထိုင်းနဲ့ဆက်စပ်တဲ့ ဂိတ်တွေအားလုံးပိတ်ဖို့ နေပြည်တော်က အမိန့်ရရှိထားပြီးဖြစ်တယ်၊ ထိုင်းနဲ့မြန်မာ ကုန်သွယ်နေတဲ့ နယ်စပ်ဂိတ်အားလုံး (၁၀) နေရာကျော် ရှိတယ်။ ထိုင်းဖက်ကနေ ဆန့်ကျင်ဘက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို အဓိက ထိန်းချုပ်ဖို့ဖြစ်တယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။
ယခုကဲ့သို့ ထိုင်းနှင့် ဆက်စပ်သည့်ဂိတ်များကို ပိတ်ရခြင်းမှာ မဲဆောက်၌ အခြေစိုက်သည့် စစ်အစိုးရ ဆန့်ကျင်သည့်အဖွဲ့တခုက ရွေးကောက်ပွဲကာလအတွင်း ပြည်တွင်း၌ ဖောက်ခွဲမှုပြုလုပ်ရန် ပေးပို့သည့် ဖောက်ခွဲရေးပစ္စည်းများကို ယခုလလယ်ပိုင်း၌ ပဲခူးမြို့တွင် ဖမ်းဆီးရရှိမှုနှင့် ဆက်စပ်သည်ဟုလည်း ၎င်းက ပြောသည်။
"ပြည်တွင်းမှာဖမ်းမိတဲ့ လက်နက်ခဲယမ်းအားလုံး နီးပါးက ထိုင်းနယ်စပ်ကနေ ၀င်လာတာများတယ်။ အထူးသဖြင့် မဲဆောက်-မြ၀တီနယ်စပ်က ဖြစ်တယ်၊ ဒီဂိတ်တွေအားလုံး ရွေးကောက်ပွဲပြီးရင်တော့ ပြန်ဖွင့်နိုင်ချေရှိပါတယ်" ဟုလည်း အဆိုပါ ခရိုင်တာဝန်ရှိသူက ပြောသည်။
အဆိုပါ ပုံစံစာရွက်တွင် မဲပေးမည့်ပုံစံ၊ မိမိတို့၏မဲရုံတည်နေရာ၊ မဲရုံအမှတ်နှင့် မဲစာရင်းနံပါတ်တို့ကို ရေးသားတင်ပြရကြောင်း ဌာနဆိုင်ရာဝန်ထမ်းတို့က ပြောသည်။
တနင်္သာရီတိုင်း မြိတ်မြို့နယ်တွင် တာဝန်ကျနေသည့် ပြည်တွင်းအခွန်ဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးမှူးတဦးက "ကျနော်တို့ရုံးကို အထက်ကနေ ပုံစံတခုပို့လာတယ်။ အဲဒီပုံစံမှာ ၀န်ထမ်းအမည်၊ နေရပ်လိပ်စာ၊ ရပ်ကွက်ကော်မရှင်ရုံးအမည်၊ မဲရုံအမှတ်၊ မဲစာရင်းအမှတ်၊ မဲကိုကြိုပေးမှာလား၊ မဲရုံမှာသွားပေးမှာလား ဆိုတာတွေ ဖြည့်ပေးရပါတယ်" ဟု ပြောသည်။
ဌာနဆိုင်ရာဝန်ထမ်းများအနက် ၎င်းတို့အမည် မဲစာရင်းတွင် ပါမပါ သွားရောက်ကြည့်ရှုသူ နည်းပါးပြီး ထိုသို့ ပုံစံဖြည့်စွက်ရန် တောင်းခံလာသည့်အခါမှသာ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ရုံးသို့ သွားရောက်ပြီး အမည်စာရင်းကြည့်ကြကြောင်း၊ မဲစာရင်းတွင် နာမည်မပါသူများက အထက်ညွှန်ကြားချက်အရဟုဆိုကာ ရပ်ကွက်ကော်မရှင်ရုံး မဲစာရင်းတွင် ထည့်ပေးရန် တောင်းဆိုကြသည့်အတွက် ရပ်ကွက်ကလည်း ထည့်ပေးကြောင်း အဆိုပါ အခွန်ဦးစီးမှူးက ပြောသည်။
"သင်္ကန်းကျွန်းမြို့နယ်၊ စံပြဈေးအတွင်းနဲ့ ဈေးဝန်းကျင်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ပို့စ်ကတ်လေးတွေနဲ့ သြဂုတ် (၂၅) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ကိုယ်ကြိုက်တဲ့ ပါတီ မပါရင် မဲမပေးဘဲ နေလိုက်ပါ။ ရွေးကောက်ပွဲ ဥပဒေနှင့် ဆန့်ကျင်ပြီး မသမာမှု တွေ့ရှိရင် ပြည်သူတွေအနေနဲ့ ရဲစခန်းကို တိုင်ရမယ်ဆိုတဲ့ မိန့်ဟ စကားတွေပါတဲ့ လက်ကမ်းစာစောင်တွေ လိုက်ဝေတယ်" ဟု အန်အယ်လ်ဒီ လူငယ်တဦးက ပြောသည်။
သက်ဆိုင်ရာ ဒေသအာဏာပိုင်များ လိုက်လံ စောင့်ကြည့်နေသည့်ကြားမှပင် အန်အယ်လ်ဒီ လူငယ် (၃၀) ခန့်က ထင်သာမြင်သာစွာ၊ ရိုးရှင်း ပွင့်လင်းစွာပင် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြသည်ဟု သိရသည်။
"တချို့က လိုလိုလားလား တောင်းယူကြတယ်။ တချို့က ကြောက်လို့ မယူရဲကြဘူး။ အခု နံနက် (၁၁) နာရီမှာ တောင်ဥက္ကလာပမြို့နယ်၊ ဟေမ၀န်ဈေးအတွင်းနဲ့ အပြင်က ဈေးဆိုင်တန်းတွေ၊ ဈေးဝယ်တွေကို လက်ကမ်းစာစောင်တွေ လိုက်ဝေနေတယ်" ဟု အဆိုပါအန်အယ်လ်ဒီ လူငယ်တဦးက ပြောသည်။
Read more..
http://www.khitpyaing.org
အန်ဒီအက်ဖ်၏ ဝါဒဖြန့်မှု အန်အယ်လ်ဒီ ရှင်းချက်ထုတ်
အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီ၏ ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည် မဟုတ်ကြောင်းနှင့် ယင်းပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ အသက်ကယ်ပါတီလည်း မဟုတ်ကြောင်း အန်အယ်လ်ဒီက ယမန်နေ့က ကြေညာချက်ထုတ်ပြန်လိုက်သည်။အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက "အန်ဒီအက်ဖ်ပါတီက အဖွဲ့ချုပ်ရဲ့ ကိုယ်ပွားလိုလို၊ အဖွဲ့ချုပ်နဲ့ အတူတူပဲဆိုတဲ့ အဓိပ္ပာယ် သက်ရောက်စေတဲ့ မဲဆွယ်စည်းရုံးနေတဲ့အပေါ် မဟုတ်မှန်ကြောင်း ပြည်သူတွေ နားလည်အောင် အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြီး ရှင်းပြတာ ဖြစ်ပါတယ်။ ပြီးတော့ ခမောက် ဆိုတိုင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဟုတ်ဘူးဆိုတာ ထုတ်ပြန်တာလည်း ဖြစ်တယ်" ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အန်အယ်လ်ဒီအပါအ၀င် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ရွေးကောက်ပွဲဝင် အန်ဒီအက်ဖ်ပါတီက ၎င်းတို့၏ စည်းရုံးရေးခရီးစဉ်အတွင်း ထင်ယောင်ထင်မှား ဖြစ်စေသော ဝါဒဖြန့် ပြောဆိုနေမှုများသည် အန်အယ်လ်ဒီနှင့် မည်သို့မျှမသက်ဆိုင်ကြောင်း ရှင်းလင်းချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ဘန်ကီမွန်း ထပ်မံပြောဆို
မြန်မာနိုင်ငံ၌ အနှစ် နှစ်ဆယ်အတွင်း ပထမဆုံးဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးပြီး ၎င်းတို့ကိုယ်တိုင်ပါဝင်ခွင့်ရှိသည့် လွတ်လပ်သန့်ရှင်း တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းပြောကြားလိုက်သည်။အာရှ (၄) နိုင်ငံခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ အောက်တိုဘာ (၂၆) ရက်တွင် ရောက်ရှိခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် မြန်မာ့အရေးကို ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။ "နိုင်ငံတကာနဲ့ ကျနော်ရဲ့အရိုးသားဆုံး မျှော်လင့်ချက်ကတော့ အခုလာမယ့်ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အားလုံးပါဝင်နိုင်ပြီး အားထားရလောက်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကို မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောကြားသွားသည်။
ထို့အပြင် "အချိန် မနှောင်းသေးပါဘူး။ အခုချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးမယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ ပိုပြီး အားလုံးပါဝင်လာနိုင်တဲ့၊ ပူးပေါင်းဆောင်ရွက်မှု ရှိလာနိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်လာမှာပါ" ဟုလည်း ၎င်းက ပြောသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်၊ အာရှ (၄) နိုင်ငံခရီးစဉ်အတွင်း ထိုင်းသို့ တရက်ကြာခရီး ယမန်နေ့က ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ မနက်ဖြန်မှစ၍ ပိတ်မည်
လာမည့်နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲလုံခြုံရေး ကြိုတင်ပြင်ဆင်မှု အဖြစ် မနက်ဖြန်မှ စတင်ကာ မြန်မာနှင့်ထိစပ်နေသည့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်များအား လုံးကို ရွေးကောက်ပွဲပြီးချိန်အထိ ပိတ်ထားရန် နေပြည်တော်မှ အမိန့်ပေးထားသည်ဟု မြ၀တီခရိုင် တာဝန်ရှိသူတဦးက ပြောသည်။၎င်းက "ဒီလ (၂၈) ရက်နေ့ကစပြီး ထိုင်းနဲ့ဆက်စပ်တဲ့ ဂိတ်တွေအားလုံးပိတ်ဖို့ နေပြည်တော်က အမိန့်ရရှိထားပြီးဖြစ်တယ်၊ ထိုင်းနဲ့မြန်မာ ကုန်သွယ်နေတဲ့ နယ်စပ်ဂိတ်အားလုံး (၁၀) နေရာကျော် ရှိတယ်။ ထိုင်းဖက်ကနေ ဆန့်ကျင်ဘက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို အဓိက ထိန်းချုပ်ဖို့ဖြစ်တယ်" ဟု ခေတ်ပြိုင်သို့ ပြောသည်။
ယခုကဲ့သို့ ထိုင်းနှင့် ဆက်စပ်သည့်ဂိတ်များကို ပိတ်ရခြင်းမှာ မဲဆောက်၌ အခြေစိုက်သည့် စစ်အစိုးရ ဆန့်ကျင်သည့်အဖွဲ့တခုက ရွေးကောက်ပွဲကာလအတွင်း ပြည်တွင်း၌ ဖောက်ခွဲမှုပြုလုပ်ရန် ပေးပို့သည့် ဖောက်ခွဲရေးပစ္စည်းများကို ယခုလလယ်ပိုင်း၌ ပဲခူးမြို့တွင် ဖမ်းဆီးရရှိမှုနှင့် ဆက်စပ်သည်ဟုလည်း ၎င်းက ပြောသည်။
"ပြည်တွင်းမှာဖမ်းမိတဲ့ လက်နက်ခဲယမ်းအားလုံး နီးပါးက ထိုင်းနယ်စပ်ကနေ ၀င်လာတာများတယ်။ အထူးသဖြင့် မဲဆောက်-မြ၀တီနယ်စပ်က ဖြစ်တယ်၊ ဒီဂိတ်တွေအားလုံး ရွေးကောက်ပွဲပြီးရင်တော့ ပြန်ဖွင့်နိုင်ချေရှိပါတယ်" ဟုလည်း အဆိုပါ ခရိုင်တာဝန်ရှိသူက ပြောသည်။
ဝန်ထမ်းများအား မဲပေးရန် ဖိအားပေး
အစိုးရဌာနဆိုင်ရာ ၀န်ထမ်းများအား ရွေးကောက်ပွဲတွင် မဲပေးရန် ပုံစံစာရွက်များ ဖြည့်ခိုင်းနေကြောင်း သိရသည်။အဆိုပါ ပုံစံစာရွက်တွင် မဲပေးမည့်ပုံစံ၊ မိမိတို့၏မဲရုံတည်နေရာ၊ မဲရုံအမှတ်နှင့် မဲစာရင်းနံပါတ်တို့ကို ရေးသားတင်ပြရကြောင်း ဌာနဆိုင်ရာဝန်ထမ်းတို့က ပြောသည်။
တနင်္သာရီတိုင်း မြိတ်မြို့နယ်တွင် တာဝန်ကျနေသည့် ပြည်တွင်းအခွန်ဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးမှူးတဦးက "ကျနော်တို့ရုံးကို အထက်ကနေ ပုံစံတခုပို့လာတယ်။ အဲဒီပုံစံမှာ ၀န်ထမ်းအမည်၊ နေရပ်လိပ်စာ၊ ရပ်ကွက်ကော်မရှင်ရုံးအမည်၊ မဲရုံအမှတ်၊ မဲစာရင်းအမှတ်၊ မဲကိုကြိုပေးမှာလား၊ မဲရုံမှာသွားပေးမှာလား ဆိုတာတွေ ဖြည့်ပေးရပါတယ်" ဟု ပြောသည်။
ဌာနဆိုင်ရာဝန်ထမ်းများအနက် ၎င်းတို့အမည် မဲစာရင်းတွင် ပါမပါ သွားရောက်ကြည့်ရှုသူ နည်းပါးပြီး ထိုသို့ ပုံစံဖြည့်စွက်ရန် တောင်းခံလာသည့်အခါမှသာ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ရုံးသို့ သွားရောက်ပြီး အမည်စာရင်းကြည့်ကြကြောင်း၊ မဲစာရင်းတွင် နာမည်မပါသူများက အထက်ညွှန်ကြားချက်အရဟုဆိုကာ ရပ်ကွက်ကော်မရှင်ရုံး မဲစာရင်းတွင် ထည့်ပေးရန် တောင်းဆိုကြသည့်အတွက် ရပ်ကွက်ကလည်း ထည့်ပေးကြောင်း အဆိုပါ အခွန်ဦးစီးမှူးက ပြောသည်။
အန်အယ်လ်ဒီ လူငယ်များ မဲမပေးရေး ကန်ပိန်း ပြုလုပ်
လာမည့် ရွေးကောက်ပွဲတွင် ပြည်သူတို့က မဲမပေးရေး ကန်ပိန်း တရပ်ကို ယနေ့ အောက်တိုဘာ (၂၇) ရက် နံနက် (၈) နာရီခွဲခန့်၌ ပြုလုပ်ခဲ့ကြသည်ဟု ကန်ပိန်းတွင် ပါဝင်သူ လူငယ်တဦးက ပြောသည်။"သင်္ကန်းကျွန်းမြို့နယ်၊ စံပြဈေးအတွင်းနဲ့ ဈေးဝန်းကျင်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ပို့စ်ကတ်လေးတွေနဲ့ သြဂုတ် (၂၅) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ကိုယ်ကြိုက်တဲ့ ပါတီ မပါရင် မဲမပေးဘဲ နေလိုက်ပါ။ ရွေးကောက်ပွဲ ဥပဒေနှင့် ဆန့်ကျင်ပြီး မသမာမှု တွေ့ရှိရင် ပြည်သူတွေအနေနဲ့ ရဲစခန်းကို တိုင်ရမယ်ဆိုတဲ့ မိန့်ဟ စကားတွေပါတဲ့ လက်ကမ်းစာစောင်တွေ လိုက်ဝေတယ်" ဟု အန်အယ်လ်ဒီ လူငယ်တဦးက ပြောသည်။
သက်ဆိုင်ရာ ဒေသအာဏာပိုင်များ လိုက်လံ စောင့်ကြည့်နေသည့်ကြားမှပင် အန်အယ်လ်ဒီ လူငယ် (၃၀) ခန့်က ထင်သာမြင်သာစွာ၊ ရိုးရှင်း ပွင့်လင်းစွာပင် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြသည်ဟု သိရသည်။
"တချို့က လိုလိုလားလား တောင်းယူကြတယ်။ တချို့က ကြောက်လို့ မယူရဲကြဘူး။ အခု နံနက် (၁၁) နာရီမှာ တောင်ဥက္ကလာပမြို့နယ်၊ ဟေမ၀န်ဈေးအတွင်းနဲ့ အပြင်က ဈေးဆိုင်တန်းတွေ၊ ဈေးဝယ်တွေကို လက်ကမ်းစာစောင်တွေ လိုက်ဝေနေတယ်" ဟု အဆိုပါအန်အယ်လ်ဒီ လူငယ်တဦးက ပြောသည်။
Read more..
http://www.khitpyaing.org
Category:

0 comments