VOA Burmese E-mail News Summary

Burma Campaign Japan | 7:33 PM | 0 comments

ထိပ်တန်းသတင်း

အာရှခရီးစဉ်အတွင်း မြန်မာ့အရေး အိုဘားမား ဆွေးနွေးဖွယ်ရှိ

သမ္မတ အိုဘားမားဟာ ရှေ့လထဲ အာရှခရီး ထွက်ဖို့ရှိပြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖွယ် ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဟေတီဝမ်းရောဂါ ဆက်လက် ပျံ့နှံ့

ဟေတီနိုင်ငံမှာ ကာလ၀မ်းရောဂါ ဆက်လက် ပြန့်ပွားနေဆဲဖြစ်ပြီး ရောဂါကူးစက်သူ ၄,၁၀၀ ကျော်နဲ့ သေဆုံးသူ ၂၉၂ ယောက်အထိ ရှိနေပါပြီ။

ကန့်ကွက်ခံနေရသည့် ပင်စင်ဥပဒေ ပြင်သစ်ပါလီမန် အတည်ပြု

ပြင်သစ်နိုင်ငံမှာ ကန့်ကွက်ခံနေရတဲ့ ပင်စင်ခံစားခွင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။

အာဆီယံနိုင်ငံတချို့ မြန်မာ့ရွေးကောက်ပွဲ ဝေဖန်

မြန်မာ့ရွေးကောက်ပွဲဟာ စစ်တပ်က အာဏာကို ခိုင်ခိုင်မာမာ ဆက်ချုပ်ကိုင်နိုင်ဖို့ လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

အမေရိကန်နဲ့ ဗြိတိန် သံတမန်တွေ NLD နဲ့တွေ့ဆုံ

ဒီနေ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးနဲ့ အမေရိကန်သံရုံး ယာယီတာဝန်ခံတို့ NLD ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဂီရိမုန်တိုင်း ကယ်ဆယ်ရေး အမေရိကန်နဲ့ ကုလ ကူညီ

မြန်မာနိုင်ငံမှာ တိုက်ခတ်သွားတဲ့ ဂီရိ ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်တွေကို ကူညီရေး အမေရိကန်နဲ့ ကုလသမဂ္ဂက စတင် လုပ်ဆောင်နေပါပြီ။

မြစ်ကြီးနား NDF ပါတီ ရွေးကောက်ပွဲ စည်းရုံးရေး ဆိုင်းဘုတ်တွေ ဖြုတ်ခံရ

မြစ်ကြီးနားမြို့က NDF ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမာခါးရဲ့ စည်းရုံးရေး ကြော်ငြာဆိုင်းဘုတ်တွေကို ဖြုတ်ချခံခဲ့ရပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အာရှ၊ ပစိဖိတ် ခရီးစဉ် စတင်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ သီတင်းနှစ်ပတ်ကြာမယ့် အာရှ ၇ နိုင်ငံ ခရီးစဉ်ကို ဒီနေ့ စတင်ပါတယ်။

သဘာဝ ဘေးဒဏ်ကြောင့် အင်ဒိုနီးရှားမှာ လူ ၃၀၀ ကျော်သေဆုံး

အင်ဒိုနီးရှားနိုင်ငံမှာ မြေငလျင်ကတဆင့် ဖြစ်ပွားတဲ့ ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် သေဆုံးသူပေါင်း ၃၀၀ လောက် ရှိသွားပါပြီ။

မြန်မာ့အရေး အာရှခရီးစဉ်မှာ အမေရိကန် ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးမည်

အမေရိကန် ထိပ်တန်းခေါင်းဆောင်တွေရဲ့ အာရှခရီးစဉ်အတွင်း မြန်မာ့အရေးကိစ္စကို အာရုံစိုက် ဆွေးနွေးမှုတွေ လုပ်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA3236E7045386E8D7D36A8B7DD151FD21CB">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments