VOA Burmese E-mail News Summary

Burma Campaign Japan | 8:50 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာ့အရေး ASEM အစည်းအဝေးပွဲမှာ ဆွေးနွေးဖွယ်ရှိ

ASEM စည်းဝေးပွဲကို တနင်္လာနေ့မှာ စတင်ကျင်းပတော့မှာ ဖြစ်ပြီး မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်းဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဓနသဟာယ အားကစားပွဲ အိန္ဒိယမှာ စတင်ကျင်းပ

ဓနသဟာယ နိုင်ငံတွေရဲ့ အားကစားပွဲတော်ကို တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ စတင် ဖွင့်လှစ်လိုက်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မယ့် သတိပေးအဆင့် ဗြိတိန် တိုးမြှင့်

အကြမ်းဖက် တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်ကို ဗြိတိန် နိုင်ငံခြားရေးဌာနက ပုံမှန်အဆင့်ကနေ စိုးရိမ်အဆင့်အထိ တိုးမြှင့်လိုက်ပါတယ်။

ဥရောပရောက် အမေရိကန်တွေ နိုးနိုးကြားကြား ရှိကြဖို့ သတိပေး

အမေရိကန် နိုင်ငံသားတွေ ဥရောပကို ခရီးသွားမယ်ဆိုရင် နိုးနိုးကြားကြား သတိနဲ့သွားလာဖို့ အမေရိကန် အစိုးရက နှိုးဆော်စာ ထုတ်ပြန်လိုက်ပါတယ်။

ဂျာမဏီ၂ နိုင်ငံ ပြန်လည် ပေါင်းစည်းနိုင်ခဲ့တဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ် ဆင်နွှဲ

ဂျာမဏီနိုင်ငံ ပြန်လည် တည်ထောင်နိုင်ခဲ့တဲ့ နှစ် ၂၀ မြောက် အထိမ်းအမှတ် ပွဲလမ်းသဘင် အခမ်းအနားတွေကို ဂျာမဏီနိုင်ငံတ၀န်းမှာ ဆင်နွှဲနေကြပါတယ်။

ပြည်ပရောက် တိဘက် ရွေးကောက်ပွဲ မဲဆန္ဒရှင်တွေ မဲပေးကြပြီ

တိဘက် အဝေးရောက် အစိုးရရဲ့ လွှတ်တော်ကိုယ်စားလှယ် အသစ်တွေနဲ့ ခေါင်းဆောင်သစ်ကို ရွေးချယ်ဖို့ ကမ္ဘာတ၀န်းက တိဘက်လူမျိုးတွေ မဲပေးခဲ့ကြပါတယ်။

ရွေးကောက်ပွဲ အောင်နိုင်ရေး ဒီမိုကရေစီ မိတ်ဆွေပါတီများ ဖွဲ့စည်း

လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၆ ပါတီဟာ ဒီမိုကရေစီ မိတ်ဆွေပါတီများ ဆိုပြီး စုဖွဲ့လိုက်ကြပါတယ်။

အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင် ဦးခင်မောင်ဆွေ

ဂျူးအိမ်ယာ ပြန်ဆောက်ရင် ပါလက်စတိုင်းတို့ ဆက် ဆွေးနွေးမှာမဟုတ်

အစ္စရေးလ်တို့က ဂျူးအိမ်ယာတွေ ပြန်ဆောက်ရင် တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်မလုပ်တော့ဘူးလို့ ပါလက်စတိုင်းတို့က ပြောလိုက်ပါတယ်။

အိန္ဒိယ ဓနသဟာယပွဲတော် လုံခြုံရေး အထူးတိုးမြှင့်

တနင်္ဂနွေနေ့မှာ စတင်တော့မယ့် ဓနသဟာယပွဲတော်အတွက် အိမ်ရှင် အိန္ဒိယနိုင်ငံက လုံခြုံရေးကို အထူး တိုးမြှင့်ပြီး ချထားပါတယ်။

အင်ဒိုနီးရှားမှာ ရထားချင်းတိုက် လူ ၃၆ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ရထားချင်းတိုက်မိတဲ့အတွက် လူပေါင်း ၃၆ ယောက် သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

Rescuers search for victims of a train crash near a station in Petarukan in Central Java, Indonesia, 02 Oct 2010
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
မျက်မှောက်ရေးရာ
အင်တာဗျူး

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32DB5C46D61A4CDE2484CF8E327AA0D2C0">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments