VOA Burmese E-mail News Summary

Burma Campaign Japan | 7:46 PM | 0 comments

ထိပ်တန်းသတင်း

ASEM ထိပ်သီး မြန်မာ့အရေး ဆွေးနွေးမည်

ASEM စည်းဝေးပွဲမှာ မြန်မာနိုင်ငံကိစ္စကို အဓိက ဦးစားပေးသင့်တယ်လို့ ဗြိတိန် ဒုတိယဝန်ကြီးချုပ် နစ်ခ် ခလတ်ဂ်က ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနဲ့ ဗီယက်နမ် မိုးသည်း ရေကြီး

အင်ဒိုနီးရှားနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ မိုးအဆက်အပြတ် ရွာသွန်းလို့ ရေကြီးနေတဲ့အတွက် လူ့အသက် ဆုံးရှုံးမှုတွေ ရှိနေပါတယ်။

ဖန်ပြွန်သန္ဓေသား တည်ထွင်သူ နိုဘယ်လ်ဆုရ

ဗြိတိန်က သိပ္ပံပညာရှင် ရောဘတ် အက်ဒ်ဝါ့ဒ်စ်ကို ၂၀၁၀ နိုဘယ်လ် ဆေးသိပ္ပံဆု ပေးအပ်လိုက်ပါတယ်။

မြန်မာ့အရေး ASEM ညီလာခံမှာ ဆွေးနွေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

ASEM အစည်းအဝေးမှာ မြန်မာ့အရေးကို ထည့်သွင်းပြောဆိုဖို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းကြပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ASEM အစည်းအဝေး ကျင်းပနေစဉ်။

မဲပေးစနစ် မြန်မာပြည်သူတွေ နားလည်မှု နည်းပါး

မြန်မာပြည်သူတွေ တော်တော်များများက ရွေးကောက်ပွဲမှာ ဘယ်လိုမဲပေးရမယ် ဆိုတာကို အခုချိန်ထိ ကောင်းကောင်း သဘောမပေါက်ကြသေးပါဘူး။

ဇေကမ္ဘာ ဦးခင်ရွှေ ရွေးကောက်ပွဲ စည်းရုံးမှု ဝေဖန်ခံရ

နာမည်ကြီး အနုပညာသည်တချို့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဇေကမ္ဘာ ဦးခင်ရွှေနဲ့အတူ ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ဆောင်လာကြပါတယ်။

ဥရောပ အကြမ်းဖက် တိုက်ခိုက်မှု အလားအလာ သတိပေးချက် ထုတ်ပြန်

ဂျပန်နိုင်ငံသားတွေ အနေနဲ့ ဥရောပ ခရီးသွားလာမှုကို သတိရှိကြဖို့အတွက် ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာနက တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။

ပါကစ္စတန် တိုက်ခိုက်မှုများအတွက် တာလီဘန် တာဝန်ယူ လုပ်ဆောင်ကြောင်း ထုတ်ပြန်

အာဖဂန်ရှိ နေတိုးတပ်ဖွဲ့ဆီ ကုန်ပို့နေတဲ့ ယာဉ်တန်းကို ပါကစ္စတန်မှာ တိုက်ခိုက်ခဲ့မှုအတွက် တာလီဘန်တွေက သူတို့လက်ချက်လို့ ပြောဆိုလိုက်ပါတယ်။

မြန်မာ့အရေး ASEM အစည်းအဝေးပွဲမှာ ဆွေးနွေးဖွယ်ရှိ

ASEM စည်းဝေးပွဲကို တနင်္လာနေ့မှာ စတင်ကျင်းပတော့မှာ ဖြစ်ပြီး မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်းဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဓနသဟာယ အားကစားပွဲ အိန္ဒိယမှာ စတင်ကျင်းပ

ဓနသဟာယ နိုင်ငံတွေရဲ့ အားကစားပွဲတော်ကို တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ စတင် ဖွင့်လှစ်လိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
မျက်မှောက်ရေးရာ
အင်တာဗျူး

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32C4B589B6385460D03C658C22FC0206DC">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments