VOA Burmese E-mail News Summary

Burma Campaign Japan | 6:08 PM | 0 comments

ထိပ်တန်းသတင်း

ဆွေးနွေးပွဲလာတဲ့ တာလီဘန် NATO စောင့်ရှောက်

အာဖဂန်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးကြမယ့် တာလီဘန် ခေါင်းဆောင်တွေ ကဘူးလ်မြို့တော်ကို ဘေးကင်းရန်ကင်း သွားလာနိုင်ဖို့ နေတိုးအဖွဲ့ ကူညီ။

တရုတ်လုပ်ငန်း အစိုးရထောက်ပံ့မှု အမေရိကန် စုံစမ်းမည်

တရုတ်နိုင်ငံက သန့်စင်စွမ်းအင် ထုတ်လုပ်သူတွေကို တရားမ၀င်ထောက်ပံ့မှုတွေ စိုက်ထုတ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်ကို အမေရိကန်နိုင်ငံက စုံစမ်းမည်။

အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံမူဝါဒ မပြောင်းလဲဟု ဒေါ်စုယုံကြည်

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေရဲ့ ပြောဆိုသံတွေ ပြောင်းသွားခဲ့ပေမဲ့ အခြေခံ သဘောထားတွေ မပြောင်းဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ယူဆ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။

KIO သောင်းကျန်းသူလို့ စစ်အစိုးရသတင်းမှာ ပြန်ဖော်ပြ

အပစ်ရပ် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ကို အပစ်မရပ်ခင်ကာလက သုံးနှုန်းတဲ့ သောင်းကျန်းသူများအဖြစ် ယနေ့သတင်းစာမှာ စစ်အစိုးရက ဖော်ပြလိုက်ပါတယ်။

ကချင်ပြည်နယ် လိုင်ဇာမြို့က တပ်စခန်းတခုတွင် KIO အမျိုးသမီးတပ်သားတချို့  အနားယူနေကြပုံ (ဧပြီလ ၁၇၊ ၂၀၁၀)

မွန်ငြိမ်းချမ်းရေးနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ တပ်မဖြန့်ရ၊ တနေရာတည်းမှာနေဖို့ စစ်အစိုးရညွှန်ကြား

ဒီလို တနေရာတည်းစုစည်းနေခိုင်းတာဟာ ဒီတပ်ဖွဲ့တွေကို စစ်အစိုးရက လွယ်လင့်တကူ ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တယ်လို့ အကဲခတ်သူတွေက ယူဆ။

မဲပေးခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းတွေ စိတ်ဝင်စားသူနည်းပါး

ရုပ်မြင်သံကြားမှာ ပြသနေတဲ့ မဲပေးနည်း ပညာပေးအစီအစဉ်ကို နားလည်ခြင်းမရှိတဲ့အတွက် အကျိုးသက်ရောက်မှု သိပ်မရှိလှဘူးလို့ ဝေဖန်သုံးသပ်မှုတွေရှိ

တရုတ်အနာဂတ်အရေး ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဆွေးနွေး

တရုတ်ခေါင်းဆောင်တွေဟာ တိုင်းပြည်အနာဂတ် စီးပွားရေးနဲ့ နိုင်ငံရေး ပြင်ဆင်မှုတွေအတွက် ဘေဂျင်းမြို့တော်မှာ အစည်းအဝေးကြီး လုပ်နေကြပါတယ်။

Paramilitary policemen look back while patrolling on the Tiananmen Square in front of the late communist leader Mao Zedong's portrait in Beijing, China, 15 Oct. 2010

ချီလီ သတ္တုတွင်းလုပ်သားများရဲ့ဘ၀သစ်

မြေအောက်မှာ ၂ လကျော် ပိတ်မိပြီး လွတ်မြောက်လာကြတဲ့ ချီလီ သတ္တုတွင်း လုပ်သားတွေဟာ ဘ၀သစ်စတင်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။

ပြင်သစ် အငြိမ်းစားစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရ

အငြိမ်းစားယူရမယ့် အသက်အရွယ်ကို ၆၀ ကနေ ၆၂ နှစ်အထိ တိုးမြှင့်လိုက်တဲ့အတွက် ပြင်သစ်နိုင်ငံမှာ ဆန္ဒပြနေကြပါတယ်။

အိန္ဒိယဆင်ရိုင်းများ သေဆုံးမှု စုံစမ်းစစ်ဆေးမည်

အိန္ဒိယနိုင်ငံမှာ မကြာသေးခင်က ဆင်ရိုင်းတွေ သေဆုံးမှုကို စုံစမ်းစစ်ဆေးဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးက ညွှန်ကြားလိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32DD3A0A1583E4689DC454221BD6FB614F">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments