VOA Burmese E-mail News Summary

Burma Campaign Japan | 7:08 PM | 0 comments

ထိပ်တန်းသတင်း

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ အိုဘားမား တောင်းဆို

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြ၀တီတိုက်ပွဲ ငြိမ်သက်ပေမဲ့ စိတ်မချရသေး

မြ၀တီမှာ DKBA နဲ့ မြန်မာစစ်အစိုးရ တပ်တွေရဲ့ တိုက်ပွဲတွေ ဒီနေ့မှာ ရပ်နားထားပေမဲ့ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်နေကြရတုန်းပဲ ဖြစ်ပါတယ်။

စစ်ပြေးဒုက္ခသည်တွေကို UNHCR ၀င်ရောက်ကူညီ

ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကြတဲ့ မြ၀တီမြို့ခံ စစ်ပြေးဒုက္ခသည်တွေကို UNHCR က တခြား NGO တွေနဲ့ ညှိနှိုင်းပြီး အကူအညီ ပေးနေပါတယ်။

အင်ဒိုနီးရှား တိုးတက်မှု အိုဘားမား ချီးကျူး

အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဘရက်ခ် အိုဘားမားဟာ အစ္စလာမ်ကမ္ဘာကို ရည်ရွယ်ပြီး အရေးပါတဲ့ မိန့်ခွန်းတခု ပြောဖို့ ရှိနေပါတယ်။

ကြံ့ဖွံ့ပါတီ အနိုင်ရ ကြိုတင်ကြေညာမှု ပြိုင်ဘက်ပါတီများ လက်မခံ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက မသမာတဲ့ လုပ်ရပ်တွေကြောင့် အနိုင်ရခဲ့တာလို့ ပြိုင်ဘက် အခြား နိုင်ငံရေးပါတီတွေက ပြောပါတယ်။

ရွေးကောက်ပွဲ မသမာမှု ဖော်ထုတ်ဖို့ နိုင်ငံရေး ပါတီတွေ ပြင်ဆင်

နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖော်ထုတ်ဖို့ နိုင်ငံရေးပါတီတွေ ပြင်ဆင်နေကြပါတယ်။

ပြည်တွင်း သတင်းဂျာနယ်တွေ ရွေးကောက်ပွဲသတင်း ဖော်ပြမှု စာပေစိစစ်ရေး ပိတ်ပင်

ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတွေကို ဖော်ပြခွင့် မပေးတာဟာ အဆိုးဆုံး သတင်းဖိနှိပ်ခံရမှုကြီးပဲလို့ ၀ါရင့် သတင်းစာဆရာကြီးတွေက ပြောပါတယ်။

မြ၀တီမြို့ ဒေသခံတွေ စိုးရိမ် ထိတ်လန့်နေဆဲ

မြ၀တီမြို့မှာ ငြိမ်သက်မှု ရှိသွားပြီလို့ ဆိုပေမဲ့ လူထုကတော့ အခုချိန်ထိ စိုးရိမ် ထိတ်လန့်နေပါတယ်။

မြ၀တီ စစ်ပြေးဒုက္ခသည်တချို့ ထိုင်းအစိုးရ ဌာနေပြန်ပို့

မဲဆောက်မှာရှိတဲ့ ထိုင်းနယ်ခြားစောင့်တပ်ဝင်းထဲ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေထဲက တချို့ကို မြ၀တီကို စပြီး ပြန်ပို့နေပြီ ဖြစ်ပါတယ်။

ဘုရားသုံးဆူမြို့မှာ DKBA နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားဆဲ

ဘုရားသုံးဆူမြို့ကို သိမ်းပိုက်ထားတဲ့ DKBA တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ အကြားမှာ အခုချိန်အထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32BD1091B1B5B802004CADAF703D8A00E3">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments