VOA Burmese E-mail News Summary

Burma Campaign Japan | 7:26 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာရွေးကောက်ပွဲ အမေရိကန်အစိုးရ စိတ်ပျက်

မြန်မာစစ်အစိုးရဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအာဏာကို ဆက်ပြီး ချုပ်ကိုင်ထားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေး နာလံထူအောင် ပူးပေါင်းဆောင်ရွက်ဖို့ အိုဘားမား တိုက်တွန်း

ကမ္ဘာ့စီးပွားရေး ပြန်လည် နာလန်ထူလာစေဖို့အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်ရလိမ့်မယ်လို့ သမ္မတ အိုဘားမားက ပြောဆိုလိုက်ပါတယ်။

ဗြိတိန် ကျောင်းသားဆန္ဒပြပွဲ ရုန်းရင်းဆန်ခတ်ဖြစ်

ဗြိတိန်နိုင်ငံမှာ ကျောင်းလခတွေ တိုးမြှင့်ဖို့ အစိုးရက စီစဉ်နေတဲ့အပေါ် တက္ကသိုလ် ကျောင်းသားတွေက ရုန်းရင်းဆန်ခတ် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဗြိတိန်တွင် ကျောင်းလခ တိုးမြှင့်မှုကြောင့် တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြနေကြစဉ်။

ကန့်သတ်ချက်နဲ့ လွှတ်ပေးရင် ဒေါ်စု လက်ခံမည်မဟုတ်

ကန့်သတ်ချက်တွေထားပြီး ခြွင်းချက်နဲ့ လွှတ်တာမျိုးကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်ခံမှာ မဟုတ်ဘူးလို့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

ကြံ့ဖွံ့ပါတီ ၈၀% အနိုင်ရမှု ပါတီအတွင်းရေးမှူး အတည်မပြုနိုင်သေး

ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီက ၈၀% နဲ့ အနိုင်ရတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့ ပါတီအတွင်းရေးမှူးကတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

ရွေးကောက်ပွဲသစ် ကျင်းပဖို့ ပဲခူးတိုင်း ကိုယ်စားလှယ်လောင်းတချို့ တောင်းဆို

ပဲခူးတိုင်းက အရွေးခံခဲ့တဲ့ ကိုယ်စားလှယ်လောင်း တချို့က ရွေးကောက်ပွဲအသစ် ပြန်လုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲအပေါ် အာဆီယံသဘောထား လူ့အခွင့်အရေးအဖွဲ့တွေ ပြစ်တင်ဝေဖန်

မြန်မာရွေးကောက်ပွဲကို ထောက်ခံတဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကြေညာချက် အာဆီယံပဋိဉာဏ်နဲ့ မကိုက်ညီဘူးလို့ လူ့အခွင့်အရေးအဖွဲ့ကတွေက ဝေဖန်ပါတယ်။

တရုတ်ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ် မြန်မာ့အရေးထည့်သွင်းပြောကြား

အာဏာရှင်အစိုးရ အာဏာရနေသရွေ့ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊တိုက်ခိုက်မှုတွေ၊ ဒုက္ခသည်တွေ၊ ထွက်ပြေးရတာတွေ ရှိအုံးမှာဖြစ်တယ်။

British Prime Minister David Cameron and Chinese Premier Wen Jiabao toast a signing ceremony at the Great Hall of the People in Beijing, 09 Nov 2010

DKBA ဗိုလ်မှူးချစ်သူနဲ့ မြန်မာစစ်တပ် ပူးပေါင်းပြီး မြ၀တီ ထိန်းချုပ်

မြ၀တီမြို့မှာ DKBA ကိုးသုံးလုံး တပ်ရင်းမှူး ဗိုလ်မှူးချစ်သူနဲ့ အဖွဲ့က စစ်အစိုးရတပ်တွေနဲ့ ပူးပေါင်းပြီး ကင်းလှည့်နေပါတယ်။

ဘုရားသုံးဆူမြို့တွင်း တိုက်ပွဲကြောင့် ရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေဆဲ

ဘုရားသုံးဆူမြို့နဲ့ အနီးပတ်ဝန်းကျင်ရွာမှာ နေထိုင်တဲ့ ပြည်သူ ၂,၀ဝ၀ လောက်ဟာ ဘေးလွတ်ရာကို ထပ်မံ တိမ်းရှောင်လာခဲ့ကြပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA3272E28D0CEDF6C715316416FB6510AA2C">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments