VOA Burmese E-mail News Summary

Burma Campaign Japan | 10:23 AM | 0 comments

ထိပ်တန်းသတင်း

အမေရိကန် ထိပ်တန်းသံတမန် မြန်မာနိုင်ငံကို ဒီသီတင်းပတ် သွားရောက်မည်

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း မနက်ဖြန် မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။

DKBA နဲ့ တိုက်ပွဲတွေကြား မြန်မာစစ်တပ် ရွာသားတွေကို ပေါ်တာဆွဲ

မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲတွေအတွင်း အတင်းအကျပ် ပေါ်တာဆွဲမှု၊ အတင်းအကျပ် ကားတွေကို ချောဆွဲမှုတွေ လုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ကြိမ်ဒဏ်အပြစ်ပေးမှု ချက်ချင်း ရပ်ဆိုင်းဖို့ မလေးရှားအစိုးရကို AI တောင်းဆို

မလေးရှားမှာ ကြိမ်ဒဏ်ပေး ဒဏ်ခတ်မှုဟာ ညှဉ်းပန်းနှိပ်စက်မှုတမျိုး ဖြစ်တာကြောင့် ချက်ချင်း အဆုံးသတ်ပေးဖို့ AI အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

ပြည်တွင်း သတင်းထောက်အုပ်စု HIV/AIDS ဝေဒနာရှင်တွေအတွက် ငွေလှူဒါန်း

HIV/AIDS ဝေဒနာရှင်တွေအတွက် ပြည်တွင်းသတင်းထောက်တွေ စုပေါင်းပြီး ငွေကြေးလှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။

မြောက်ကိုရီးယား ရန်စမှု တရုတ်သတိပေးဖို့ သမ္မတ အိုဘားမား တိုက်တွန်း

အမေရိကန် သမ္မတနဲ့ တရုတ်သမ္မတို့ ၂ ဦး ကိုရီးယားကျွန်းဆွယ် တင်းမာမှု တိုးနေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

လက်နက်ကိုင် ပဋိပက္ခကြား အရပ်သားတွေ ကာကွယ်ဖို့ HRW တောင်းဆို

မြန်မာစစ်တပ်နဲ့ DKBA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေရာ နှစ်ဘက်စလုံးက အရပ်သားတွေရဲ့ လုံခြုံရေးကို ထည့်မတွက်ခဲ့ကြဘူးလို့ HRW က ပြောပါတယ်။

အိုင်ဗရီကို့စ် ရွေးကောက်ပွဲရလဒ် အငြင်းပွားနေဆဲ

အိုင်ဗရီကို့စ် သမ္မတရွေးကောက်ပွဲ အပြီးမှာ ပြိုင်ကြတဲ့ သမ္မတလောင်း ၂ ယောက်လုံးက အနိုင်ရရှိတယ်လို့ ပြောနေကြပြီး အငြင်းပွားနေဆဲ ဖြစ်ပါတယ်။

Yellowcake ယူရေနီယံ ထုတ်လုပ်နိုင်ကြောင်း အီရန်ကြေညာ

အစ်စ်ဖာဟန်စက်ရုံမှာ အသွင်ပြောင်းဖို့အတွက် Yellowcake ခေါ် ပိုအားကောင်းတဲ့ ယူရေနီယံကို ပထမအသုတ်အဖြစ် ထုတ်လုပ်ခဲ့တယ်လို့ အီရန်က ကြေညာပါတယ်။

အိန္ဒိယ လူမှုအဖွဲ့အစည်းက ဒေါ်စုကို ဒီမိုကရေစီ ဧကရီဆု ချီးမြှင့်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ လူမှုအဖွဲ့အစည်း တခုက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဧကရီဆုကို ချီးမြှင့်ခဲ့ပါတယ်။

တောင်အာဖရိက သမ္မတဟောင်း အမ်(မ်)ဘီကီ အိုင်ဗရီကို့စ်အရေး ကြားဝင်စေ့စပ်

အိုင်ဗရီကို့စ် နိုင်ငံရေး ပြဿနာကို ဖြေရှင်းပေးဖို့ တောင်အာဖရိက သမ္မတဟောင်း သာဘို အမ်(မ်)ဘီကီ အိုင်ဗရီကို့စ်နိုင်ငံကို ရောက်ရှိနေပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32B45C2C3E3B4EA58EEB62D082BC449422">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments