VOA Burmese E-mail News Summary

Burma Campaign Japan | 5:59 PM | 0 comments

ထိပ်တန်းသတင်း

စစ်မှန်တဲ့ ဆွေးနွေးပွဲဖြစ်ရေး အမေရိကန် ကိုယ်စားလှယ် မြန်မာပြည်ကိုသွား

နှစ်နိုင်ငံအကြား အဆင့်မြင့် ဆွေးနွေးပွဲတွေလုပ်ဖို့ အမေရိကန် အကြီးတန်း သံတမန်တယောက် မြန်မာနိုင်ငံကို အင်္ဂါနေ့မှာ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး အာဏာပိုင်တွေ တာဝန်ကျေဖို့လို

မြန်မာ့ရွေးကောက်ပွဲဟာ နိုင်ငံတကာ မျှော်လင့်ထားတာနဲ့ အတော်ကို အလှမ်းဝေးတဲ့အတွက် စိတ်မကောင်းဘူးလို့ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

မန်ယူကိုဝယ်ဖို့ ဗိုလ်ချုပ်မှူးကြီး စဉ်းစားခဲ့သလား

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းကို အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ပေးပြီး ၀ယ်ယူဖို့ စဉ်းစားခဲ့တယ်လို့ သိရပါတယ်။

တာလီဘန် တိုက်ဖျက်ရေး ဆွေးနွေးတုန်း ဗုံးကွဲ၊ ၅၀ ကျော်သေ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ လူ ၂ ဦးကြောင့် အနည်းဆုံး ၅၀ သေဆုံးပြီး ၁၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

တရုတ်ကျေးလက် ယခင်လောက် မဆင်းရဲ

တရုတ်နိုင်ငံ ကျေးလက်ဒေသတွေရဲ့ ဆင်းရဲမွဲတေမှုအဆင့် ကျလာတယ်လို့ ကုလ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သူက ပြောကြားလိုက်ပါတယ်။

အမေရိကန် ထိပ်တန်းသံတမန် မြန်မာနိုင်ငံကို ဒီသီတင်းပတ် သွားရောက်မည်

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း မနက်ဖြန် မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးအလားအလာ

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ရာက ၇၅ % ထက် ပိုမှ၊ နော်…။ အဲဒီတော့ အဲဒီအဖွဲ့တွေအနေနဲ့ကတော့ အလားအလာမရှိပါဘူး။ (ရှေ့နေ-ဦးကြည်ဝင်း)

ပါတီတွေရဲ့ ရွေးကောက်ပွဲလွန်ပြင်ဆင်မှု

ရွေးကောက်ပွဲပြီးမှ ပါတီစည်းရုံးရေးကို စတင်လုပ်ဆောင်နေကြရတယ်လို့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

DKBA နဲ့ တိုက်ပွဲတွေကြား မြန်မာစစ်တပ် ရွာသားတွေကို ပေါ်တာဆွဲ

မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲတွေအတွင်း အတင်းအကျပ် ပေါ်တာဆွဲမှု၊ အတင်းအကျပ် ကားတွေကို ချောဆွဲမှုတွေ လုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ကြိမ်ဒဏ်အပြစ်ပေးမှု ချက်ချင်း ရပ်ဆိုင်းဖို့ မလေးရှားအစိုးရကို AI တောင်းဆို

မလေးရှားမှာ ကြိမ်ဒဏ်ပေး ဒဏ်ခတ်မှုဟာ ညှဉ်းပန်းနှိပ်စက်မှုတမျိုး ဖြစ်တာကြောင့် ချက်ချင်း အဆုံးသတ်ပေးဖို့ AI အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA3276B9C8A61DF2F6EEAF6B094CB3CDDFB4">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments