VOA Burmese E-mail News Summary

Burma Campaign Japan | 8:30 PM | 0 comments

ထိပ်တန်းသတင်း

လက်ရှိသမ္မတကို သပိတ်မှောက်ရေး အိုင်ဗရီကို့စ် လုပ်သားအများစု စိတ်မ၀င်စား

အိုင်ဗရီကို့စ်သမ္မတ လောရင့် ဘဂ်ဘိုကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်ချက်ကို အဘစ်ဂျန်မြို့မှာ အလုပ်သမား အများစုက လျစ်လျူပြုထားလိုက်ကြပါတယ်။

ခရိုအေးရှား ၀န်ကြီးချုပ်ဟောင်း သြစတြီးယား ဆက်လက်ဖမ်းဆီး

ခရိုအေးရှား ၀န်ကြီးချုပ်ဟောင်း အီဗို ဆာနားဒါးကို ဆက်လက် ထိန်းသိမ်းထားရမယ်လို့ သြစတြီးယား တရားရုံးတရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

အာဆင်နယ် ချယ်လ်ဆီး ၃ ဂိုး ၁ ဂိုး

အင်္ဂါနေ့ မနက်ခင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်အသင်းက ချယ်ဆီးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒေါ်ခင်ကြည် ကွယ်လွန်မှု ၂၂ နှစ်မြောက် အမှတ်တရ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့တာ ဒီကနေ့ဆို ၂၂ နှစ် ရှိခဲ့ပါပြီ။

အကယ်ဒမီ ကျော်သူ သုခ အခမဲ့ဆေးခန်း မျက်စိခွဲစိတ် ကုသမှု တိုးချဲ့

နာရေးကူညီမှုအသင်းက သုခ အခမဲ့ဆေးခန်းမှာ လာမယ့် နှစ်သစ်အတွင်း မျက်စိ ခွဲစိတ်ကုသမှုပါ တိုးချဲ့ လုပ်ဆောင်သွားမယ်လို့ ဦးကျော်သူက ပြောပါတယ်။

ရှေးဟောင်းအမွေအနှစ် ဆုံးရှုံးမှု ရခိုင်အမျိုးသမီးများ အစည်းအရုံး UNESCO ကို တိုင်ကြား

ရခိုင် ယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမယ့် အခြေအနေတွေကို တားဆီးပေးဖို့ ရခိုင်အမျိုးသမီးအဖွဲ့က UNESCO ကို မေတ္တာရပ်ခံလိုက်ပါတယ်။

စစ်ဖြစ်မှာ မစိုးရိမ်ဖို့ တောင်ကိုရီးယား သမ္မတ တိုက်တွန်း

မြောက်ကိုရီးယားနဲ့ စစ်ဖြစ်မှာကို တောင်ကိုရီးယား ပြည်သူတွေ မစိုးရိမ်ကြဖို့ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်က ပြောလိုက်ပါတယ်။

ရှားပါးဓာတ်သတ္တု ရှာဖွေရေး မြန်မာနဲ့ တောင်ကိုရီးယား ပူးတွဲဆောင်ရွက်မည်

ရေနံနဲ့ ဓာတ်သတ္တုရှာဖွေရေး လုပ်ငန်းတွေကို တောင်ကိုရီးယား ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

အမေရိကန် အရှေ့ဘက်ခြမ်း နှင်းမုန်တိုင်း ၀င်ရောက်

အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်း ဒေသတွေမှာ ဆီးနှင်းတွေ ထူထူထပ်ထပ်ကျပြီး လေပြင်းတွေလည်း တိုက်ခတ်နေတာမို့ လူတွေ ဈေးဝယ်မထွက်နိုင်ကြပါဘူး။

DEA ပြည်ပတိုင်းပြည် အရေးတွေမှာ ပတ်သက်နေ

DEA ဟာ ပြည်ပတိုင်းပြည်တွေရဲ့ အရေးကိစ္စတွေမှာ ပတ်သက်နေတယ်လို့ ၀ီကီလိခ်စ်ရဲ့ သတင်း အချက်အလက်တွေကို ကိုးကားပြီး ဖော်ပြလိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32EEB5ED8183D83939A873F03BF2AF33FD">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments