VOA Burmese E-mail News Summary

Burma Campaign Japan | 7:03 PM | 0 comments

ထိပ်တန်းသတင်း

မြန်မာဒုက္ခသည်တွေ ထိုင်းက ပြန်ခိုင်းတဲ့ကိစ္စ UNHCR ရှုတ်ချ

မြန်မာနိုင်ငံက ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်ပြီး နှင်ထုတ်ခဲ့တဲ့ ထိုင်းနိုင်ငံကို UNHCR ရုံးက မနေ့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

သူလျှိုတဦးနဲ့ အတိုက်အခံတဦး အီရန် ကြိုးပေးကွပ်မျက်

အီရန်နိုင်ငံဟာ အစ္စရေးအတွက် သူလျှိုလုပ်ပေးသူတဦး အပါအ၀င် လူ ၂ ယောက်ကို ကြိုးမိန့်ပေးလိုက်ပြီလို့ အီရန်အစိုးရ သတင်းမီဒီယာက ဖော်ပြပါတယ်။

အယ်လ်တန် ဂျွန်တို့ စုံတွဲ ကလေးမွေးစား

အယ်လ်တန် ဂျွန်နဲ့ လိင်တူ ခင်ပွန်းသည်ဖြစ်သူ ဒေးဗစ် ဖားနစ်ရှ်တို့ဟာ ခရစ်စမတ်နေ့မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်တဦးကို မွေးစားလိုက်ကြပါတယ်။

မြန်မာပြဿနာ အဖြေရှာရေး လူငယ်တွေ ပါဝင်ဖို့ ဒေါ်စု တိုက်တွန်း

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားရာမှာ လူငယ်တွေ မပါလို့ မဖြစ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဝီကီလိခ်ပါ မြန်မာ့ နျူကလီးယားအရေး IAEA စိုးရိမ်

မြန်မာစစ်အစိုးရဟာ နျူကလီးယား အစီအစဉ်တွေ လျှို့လျှို့ဝှက်ဝှက် ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းတွေဟာ စိုးရိမ်စရာရှိတယ်လို့ IAEA က ပြောပါတယ်။

ဂီရိမုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီတွေ ပေးဖို့ ဒေါ်စု ဦးဆောင်တောင်းဆို

ဂီရိမုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေး အကူအညီတွေ ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နိုင်ငံတကာ မိသားစုကို ပန်ကြားလိုက်ပါတယ်။

ဒေါ်စု ကနေဒါ ဂုဏ်ထူးဆောင် နိုင်ငံသားဆု ချီးမြှင့်ခံရ

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် ချီးမြှင့်ခဲ့တဲ့ဆုကို ကိုယ်တိုင်လာယူဖို့ ကနေဒါ ၀န်ကြီးချုပ်က ဖိတ်ကြားလိုက်ပါတယ်။

၄၄ နှစ်အတွင်း မြန်မာနိုင်ငံမှာ အအေးဆုံး စံချိန်တင်

မြန်မာနိုင်ငံမှာ ၄၄ နှစ်တာအတွင်း အအေးအလွန်ကဲဆုံး ရာသီဥတုကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အိုင်ဗရီကို့စ်သမ္မတ နှုတ်ထွက်ဖို့ အာဖရိက ခေါင်းဆောင်များ ရာဇသံပေး

အိုင်ဗရီကို့စ်နိုင်ငံက လက်ရှိသမ္မတ လောရင့်စ် ဘဂ်ဘိုကို အာဏာစွန့်လွှတ်ဖို့ အနောက်အာဖရိက နိုင်ငံတွေရဲ့ သမ္မတအုပ်စုတခုက တောင်းဆိုလိုက်ပါတယ်။

လက်ရှိသမ္မတကို သပိတ်မှောက်ရေး အိုင်ဗရီကို့စ် လုပ်သားအများစု စိတ်မ၀င်စား

အိုင်ဗရီကို့စ်သမ္မတ လောရင့် ဘဂ်ဘိုကို သပိတ်မှောက်ကြဖို့ လှုံ့ဆော်ချက်ကို အဘစ်ဂျန်မြို့မှာ အလုပ်သမား အများစုက လျစ်လျူပြုထားလိုက်ကြပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32B8094B49BC4DB610736D743D182DDDE4">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments