VOA Burmese E-mail News Summary

Burma Campaign Japan | 6:21 AM | 0 comments

ထိပ်တန်းသတင်း

အစ္စရေး ပစ်ခတ်မှုကြောင့် ဆီးရီးယား ဆန္ဒပြသမား ၂၀ သေဆုံး

ဂိုလန်ကုန်းမြင့်ဒေသနဲ့ ဆီးရီးယားနယ်ခြားကို ကျော်ဖြတ်ဖို့ ကြိုးစားတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို အစ္စရေး စစ်သားတွေက ပစ်ခတ်ခဲ့ပါတယ်။

E.Coli ရောဂါပိုး ဂျာမဏီ ပဲပင်ပေါက်နဲ့ ဆက်နွယ်

E.coli ဘက်တီးရီးယားပိုးဟာ ဂျာမဏီမှာစိုက်တဲ့ ပဲပင်ပေါက်တွေနဲ့ ဆက်နွယ်နေတယ်လို့ ဂျာမဏီနိုင်ငံ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

A woman holds bean sprouts with chopsticks in Berlin, Germany, June 5, 2011

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရွှေ့ပြောင်းကလေးတွေကို ပညာပေး

စွန့်ပစ်ပစ္စည်းတွေကို လူသုံးကုန်ပစ္စည်းတွေ ဖြစ်လာအောင် ပြုလုပ်တဲ့ ပညာပေးပြပွဲ တခုကို ထိုင်း၊ မြန်မာနယ်စပ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

တေးရေးဆရာ မောင်သစ်မင်း ကွယ်လွန်

တေးရေးဆရာ မောင်သစ်မင်းဟာ တနင်္ဂနွေနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားပါတယ်။

ဒဏ်ရာရသူ ယီမင်သမ္မတ ဆေးကုသဖို့ ဆော်ဒီနိုင်ငံ ရောက်ရှိ

ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလေးဟာ သောကြာနေ့က ရထားတဲ့ ဒဏ်ရာတွေကို ဆေးကုသဖို့ ဆော်ဒီအာရေးဗီးယားကို ရောက်လာပါတယ်။

တီယန်နန်မင် နှစ်ပတ်လည်နေ့ ဟောင်ကောင်မှာ ကျင်းပ

တီယန်နန်မင်ရင်ပြင်မှာ ဆန္ဒပြသူတွေကို သွေးထွက်သံယို နှိမ်နင်းခဲ့တဲ့ ၂၂ နှစ်ပြည့် အထိမ်းအမှတ် ဟောင်ကောင်မှာ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။

Masu zanga zangar rike da kandir a dandalin Tiananmen kasar China.

တရုတ်တင်းနစ်မယ် လီနာ ပြင်သစ်အိုးပင်း ဗိုလ်စွဲ

စနေနေ့က ကစားခဲ့တဲ့ ပြင်သစ်အိုးပင်း တင်းနစ် အမျိုးသမီး ဗိုလ်လုပွဲမှာ တရုတ်နိုင်ငံက လီနာက အမျိုးသမီး ချန်ပီယံ ဖလားကို ရရှိသွားပါတယ်။

မြောက်ဦး ရှေးဟောင်းဘုရားဌာပနာ နေပြည်တော် ပင့်ဆောင်ရေး ဒေသခံများ ကန့်ကွက်

မြောက်ဦးမြို့မှာ တွေ့ရှိခဲ့တဲ့ ရှေးဟောင်း ဘုရားဌာပနာတွေကို နေပြည်တော်ဆီ ပင့်ဆောင်မယ် ဆိုတဲ့အတွက် ဒေသခံတွေ ကန့်ကွက်ခဲ့ကြပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လစ်ဗျား အတိုက်အခံမြို့ ရောက်ရှိ

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယမ် ဟိဂ် လစ်ဗျားအစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ဘန်ဂါဇီမြို့ကို ရောက်နေပါတယ်။

မြန်မာ၊ အမေရိကန် ဆက်ဆံရေး ကောင်းမွန်ဖို့ လက်တွေ့လုပ်ရပ် လိုအပ်

မြန်မာနဲ့ အမေရိကန် ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရချင်ရင် လက်တွေ့ကျတဲ့ လုပ်ငန်းတွေ ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ ဂျွန်မက်ကိန်းက ပြောပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32552C8CE842D63A30993C8E06514BC31D">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments