VOA Burmese E-mail News Summary

Burma Campaign Japan | 8:21 PM | 0 comments

ထိပ်တန်းသတင်း

အလုပ်ကြမ်း အဓမ္မခိုင်းစေမှု တိုင်ကြားချက် ပိုများလာ

မြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ခိုင်းစေတာနဲ့ ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ ILO ရုံးမှာ လာရောက် တိုင်ကြားမှုတွေ များလာတယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်အရေး အမေရိကန် အရာရှိ ဆွေးနွေးမည်

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲရစ် ရွှာ့ဇ်ဟာ ရိုဟင်ဂျာ ဒုက္ခသည်များ အရေးကို ဆွေးနွေးဖို့ ဒါကာမြို့တော်ကို သွားပါလိမ့်မယ်။

အဓမ္မလုပ်အားပေး ပပျောက်ရေး လုပ်ဆောင်ဖို့ မြန်မာ နှေးကွေးဆဲ

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ ဆက်ရှိနေတာနဲ့ ပတ်သက်ပြီး ILO ရဲ့ အကြိမ် ၁၀၀ မြောက် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

ပဲခူးစက်ရုံ အလုပ်သမား ၅၀ ကျော် ဆန္ဒပြ

ပဲခူးမြို့နယ် ဟင်္သာကုန်းရပ် ကမာနတ်ကျေးရွာ အနီးက Cap 1 ဦးထုပ်ချုပ်စက်ရုံက အလုပ်သမား ၅၅ ယောက်ဟာ ဇွန်လ ၆ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ထိပ်ပိုင်းအရာရှိ အပြောင်းအရွှေ့ များပြား

ဒီရက်ပိုင်း လားရှိုးအခြေစိုက် ရမခ လက်အောက်ခံ တပ်တွေက ထိပ်ပိုင်းအရာရှိတွေ ၈၀% လောက် အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး တောင်ကိုရီးယား သမ္မတ တိုက်တွန်း

မြောက်ကိုရီးယားနိုင်ငံကို တောင်ကိုရီးယား သမ္မတက ငြိမ်းချမ်းတဲ့ လမ်းကြောင်းကို လိုက်ဖို့ ဒီနေ့ ပြောလိုက်ပါတယ်။

အစ္စရေး ပစ်ခတ်မှုကြောင့် ဆီးရီးယား ဆန္ဒပြသမား ၂၀ သေဆုံး

ဂိုလန်ကုန်းမြင့်ဒေသနဲ့ ဆီးရီးယားနယ်ခြားကို ကျော်ဖြတ်ဖို့ ကြိုးစားတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို အစ္စရေး စစ်သားတွေက ပစ်ခတ်ခဲ့ပါတယ်။

E.Coli ရောဂါပိုး ဂျာမဏီ ပဲပင်ပေါက်နဲ့ ဆက်နွယ်

E.coli ဘက်တီးရီးယားပိုးဟာ ဂျာမဏီမှာစိုက်တဲ့ ပဲပင်ပေါက်တွေနဲ့ ဆက်နွယ်နေတယ်လို့ ဂျာမဏီနိုင်ငံ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

A woman holds bean sprouts with chopsticks in Berlin, Germany, June 5, 2011

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရွှေ့ပြောင်းကလေးတွေကို ပညာပေး

စွန့်ပစ်ပစ္စည်းတွေကို လူသုံးကုန်ပစ္စည်းတွေ ဖြစ်လာအောင် ပြုလုပ်တဲ့ ပညာပေးပြပွဲ တခုကို ထိုင်း၊ မြန်မာနယ်စပ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

တေးရေးဆရာ မောင်သစ်မင်း ကွယ်လွန်

တေးရေးဆရာ မောင်သစ်မင်းဟာ တနင်္ဂနွေနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32421030CC58D0A2A0BCCFE814858F42CA">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments