VOA Burmese E-mail News Summary

Burma Campaign Japan | 8:44 PM | 0 comments

ထိပ်တန်းသတင်း

လူကုန်ကူးမှုပြဿနာ မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲ

လူကုန်ကူးမှုတိုက်ဖျက်ရေး အခြေအနေတိုးတက်လာဖို့ အဓိက အတားအဆီးဖြစ်နေတဲ့ ကိစ္စတခုက သိပ်ကိုခေတ်နောက်ကျနေတဲ့ တရားရေးစနစ်ကြောင့်လို့ မြင်ရပါတယ်။

အဓမ္မအလုပ်ကြမ်း မစေခိုင်းရေး ဥပဒေကို မြန်မာ အာဏာပိုင်တွေ ချိုးဖောက်

အဓမ္မလုပ်အားပေး ခိုင်းစေမှုကို ပြင်ဆင်တဲ့ ဥပဒေ ရှိပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေ အခုချိန်ထိ လိုက်နာခြင်း မရှိသေး။

အမေရိကန် စီးပွားရေးသမားတွေ မြန်မာပြည်သွားမည်

အမေရိကန် ပြည်ထောင်စုက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

တိဘက်အရေး အမရိကန် ၀င်မစွက်ဖို့ တရုတ်သတိပေး

အမေရိကန်အနေနဲ့ ဘာသာရေး ဖြစ်ရပ်တွေကို ခုတုံးလုပ်ပြီး တရုတ် ပြည်တွင်းရေးမှာ ၀င်မစွက်ဖို့ တရုတ်က သတိပေး ပြောဆိုလိုက်ပါတယ်။

ဆီးရီးယား ဆူပူမှု ပြည်ပသတင်းသမားတွေ သေဆုံး ထိခိုက်

ပြင်သစ် ရုပ်မြင်သံကြား သတင်းထောက် ၁ ဦး သေဆုံးခဲ့သလို နောက်ထပ် နိုင်ငံခြား သတင်းထောက်တစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုဆန္ဒဖော်ထုတ်ဖို့ ဒေါ်စုတိုက်တွန်း

ပြည်သူ့အသံနဲ့ဆန္ဒကို ကိုယ်စားပြုတဲ့ရွေးကောက်ပွဲဖြစ်လာဖို့၊ လူထုလိုချင်တဲ့အစိုးရပေါ်ပေါက်လာဖို့ အားလုံးပါဝင်ကြဖို့ ဒေါ်စုတိုက်တွန်းခဲ့ပါတယ်။

KNU မန်းငြိမ်းမောင် နောက်ထပ်စွဲချက်တင်ခံရ

လွတ်ငြိမ်းချမ်းသာခွင့်အရ ပြန်လွှတ်ပေးရမယ့် မန်းငြိမ်းမောင်ကို စွဲချက်သစ် ၃ ခုနဲ့ ထပ်မံတရားစွဲဆိုပြီး ဆက်လက်ချုပ်နှောင်ထားပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကြောင့် အီရန်သိပ္ပံပညာရှင်သေဆုံး

အီရန်၊ နျူကလီယားဓာတ်ပေါင်းဖိုဌာနတခုမှာ ကြိကြပ်ကွပ်ကဲသူ သိပ္ပံပညာရှင် Rosshan ဟာ ကားအောက်မှာ ဗုံးထောင်ဖောက်ခွဲခံရလို့ သေဆုံးခဲ့ပါတယ်။

Republican သမ္မတကိုယ်စား လှယ်လောင်း Mitt Romney အနိုင်ရ

လက်ရှိသမ္မတအိုဘားမားနဲ့ယှဉ်ပြိုင်ဖို့ Republican ပါတီတွင်း သမ္မတကိုယ်စားလှယ်လောင်း ပဏာမရွေးချယ်ရာမှာ Mitt Romney အနိုင်ရပါတယ်။

ဒေါ်စု ကော့မှူးမြို့နယ်က ဝင်ပြိုင်မည်

လစ်လပ် ၄၈ နေရာအနက် ချို့တဲ့-တဲ့ပြည်သူများကို အားပေးရာကျအောင် ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ကနေဝင်ပြိုင်ဖို့ ဒေါ်စု ပြင်ဆင်နေပါတယ်။

Aung San Suu Kyi
ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments