VOA Burmese E-mail News Summary

Burma Campaign Japan | 8:32 PM | 0 comments

ထိပ်တန်းသတင်း

အမေရိကန်အမတ် Mitch McConnell မြန်မာပြည်သွားမည်

အမေရိကန် Replublican ပါတီရဲ့အထက်လွှတ်တော်အမတ် Mitch McConnell မြန်မာပြည်ကိုရောက်တဲ့အခါ ဒေါ်စုနဲ့လည်းတွေ့မှာဖြစ်ပါတယ်။

မြန်မာ့လွတ်ငြိမ်းချမ်းသာခွင့် အမေရိကန်စောင့်ကြည့်

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား ၁၀၀၀ ကျော်လွှတ်မပေးသေးတာကို အမေရိကန်က စိုးရိမ်ပါတယ်။

ကမ္ဘာ့စီးပွားရေး မရေရာမှုကြောင့် စားကုန်ဈေးခန့်မှန်းရခက်

ကမ္ဘာ့စီးပွားရေးနဲ့စွမ်းအင် ဈေးနှုန်းတွေမှာ မရေရာမှုတွေကြောင့် ကုန်ဈေးနှုန်းတွေကို ခန့်မှန်းရတာဟာလည်း ပိုပြီး ခက်ခဲလာနေပါတယ်။

အာဖဂန်ရောက် စစ်သားတွေရိုင်းပျမှု အမေရိကန်ရှုတ်ချ

အမေရိကန်တပ်သားတွေ တာလီဘန်အလောင်းတွေပေါ် ကျင်ငယ်စွန့်တဲ့ဗွီဒီယိုမှတ်တမ်းအပေါ် အလေးအနက်ထား စစ်ဆေးသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်/ကျဉ်းတွေပါဝင်မည်ဟု မျှော်လင့်

နိုင်ငံတော်ရဲ့မေတ္တာနဲ့စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးမှာ တဘက်တလမ်းမှ အထောက်အပံ့ဖြစ်စေတဲ့ နိုင်ငံသားများအဖြစ်သို့....

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နောက်ထပ် အကျဉ်းသား ၆၅၀ ကျော်လွှတ်ဖို့ မြန်မာအစိုးရကြေညာ

နောက်ထပ်အကျဉ်းသား ၆၅၀ ကျော်လွှတ်မယ့်ထဲမှာ နိုင်ငံရေးအကျဉ်းသား ပါ မပါ မသိရသေးပါဘူး။

Released prisoners make their way out of Insein Prison in Yangon October 12, 2011.

မြန်မာအစိုးရနဲ့ KNU ငြိမ်းချမ်းရေး ဆက်ဆွေးနွေးဖို့ သဘောတူ

တွေ့ဆုံလက်မှတ်ရေးထိုးစဉ် KNU ကတင်ပြတဲ့ နိုင်ငံရေးမူ ၁၁ ချက်ကို ပြည်ထောင်စုအဆင့်မှာ ဆက်ဆွေးနွေးဖို့ အစိုးရက မူအားဖြင့သဘောတူခဲ့ပါတယ်။

အမေရိကန် သံတမန်ကြီးတွေ ဒေါ်စုနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံကို ၄ ကြိမ်မြောက်လာတဲ့ အမေရိကန်အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်ုဆွေးနွေးမှုရှိခဲ့ပါတယ်။

Derek Mitchell, Washington's special representative to Myanmar, talks during a press conference at Yangon International Airport in Yangon, Myanmar, (File September 14, 2011).

လူကုန်ကူးမှုပြဿနာ မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲ

လူကုန်ကူးမှုတိုက်ဖျက်ရေး အခြေအနေတိုးတက်လာဖို့ အဓိက အတားအဆီးဖြစ်နေတဲ့ ကိစ္စတခုက သိပ်ကိုခေတ်နောက်ကျနေတဲ့ တရားရေးစနစ်ကြောင့်လို့ မြင်ရပါတယ်။

အဓမ္မအလုပ်ကြမ်း မစေခိုင်းရေး ဥပဒေကို မြန်မာ အာဏာပိုင်တွေ ချိုးဖောက်

အဓမ္မလုပ်အားပေး ခိုင်းစေမှုကို ပြင်ဆင်တဲ့ ဥပဒေ ရှိပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေ အခုချိန်ထိ လိုက်နာခြင်း မရှိသေး။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments