VOA Burmese E-mail News Summary

Burma Campaign Japan | 6:00 PM | 0 comments

ထိပ်တန်းသတင်း

သုံးရောင်ခြယ် ကြယ်ဖြူ နိုင်ငံတော်အလံသစ် လွှင့်ထူ

ဒီနေ့ညနေ ၃ နာရီက တနိုင်ငံလုံး ဌာနဆိုင်ရာ ရုံးတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ အတည်ပြုထားတဲ့ နိုင်ငံတော်အလံ အသစ်ကို လွှင့်တင်ခဲ့ကြပါတယ်။

အိန္ဒိယ နိုဘယ်လ် စီးပွားရေးဆုရှင် မြန်မာရွေးကောက်ပွဲကို ဝေဖန်

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ အကြိုကာလ ပြင်ဆင်လုပ်ဆောင်မှုတွေကို စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုရှင် အမာတီယာ စန်က ဝေဖန်လိုက်ပါတယ်။

ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းငယ် ၃၆ နာရီအတွင်း ၀င်နိုင်ချေရှိ

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး ဒီနေ့မှာ မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အမတ်လောင်း ၅၄ ဦး အလိုအလျောက် အနိုင်ရ

ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်တွေထဲက ၅၄ ဦးဟာ ပြိုင်ဘက် ကိုယ်စားလှယ်လောင်း မရှိတဲ့အတွက် အလိုအလျောက် အနိုင်ရသွားပါတယ်။

Volunteers in Shan ethnic traditional costume enroll to get ballots in a demonstration on voting for the upcoming general election, in Naypyitaw, Myanmar's new administrative capital, 18 Oct 2010

ပြင်သစ်မှာ အလုပ်သမားနဲ့ ကျောင်းသားတွေ ဆန္ဒပြ

ပြင်သစ်မှာ အငြိမ်းစားယူရမယ့် အသက်ကို တိုးမြှင့်မယ့် အစိုးရအစီအစဉ်ကို မကျေနပ်လို့ အလုပ်သမားနဲ့ ကျောင်းသားတွေ ဆက်လက်ဆန္ဒပြနေကြပါတယ်။

တရုတ်ပြည်မှာ မုန်တိုင်းရန်ကြောင့် လူသိန်းချီ ရွှေ့ပြောင်း

တိုင်ဖုန်းမုန်တိုင်းက အရှေ့တောင် ကမ်းခြေနား ကပ်လာတဲ့အတွက် လူပေါင်း ၁၅၀,၀၀၀ ကို တရုတ် အာဏာပိုင်တွေက ပြောင်းရွှေ့လိုက်ပါတယ်။

ရွေးကောက်ပွဲအမီ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ကင်တားနား တောင်းဆို

မစ္စတာ ကင်တားနားက နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ခန့်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲအပြီး တိုင်းပြည် အခြေအနေ ကောင်းလာဖွယ်မရှိ

စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲက တိုင်းပြည်ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။

စစ်အစိုးရ ဖမ်းဆီးသွားတဲ့ KIA အရာရှိတွေ ဘယ်ရောက်နေသလဲ

KIA အဖွဲ့ဝင် ၃ ယောက်ကို မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့ပြီးတဲ့နောက် အခု ပျောက်နေတယ်လို့ KIA အဖွဲ့က ပြောပါတယ်။

ဗြိတိန် ဘတ်ဂျက် ဒေါ်လာ သန်းပေါင်း သိန်းချီ ဖြတ်တောက်မည်

အကြီးမားဆုံး အစိုးရ အသုံးစရိတ် ဖြတ်တောက်မှုတွေ လုပ်မယ့် စီမံကိန်းကို ဗြိတိသျှ အစိုးရက အဆိုပြုလိုက်ပါတယ်။

ဆက်ရန်

အီးမေးလ်

သတင်း
မြန်မာသတင်း
နိုင်ငံတကာသတင်း
သတင်းသုံးသပ်ချက်
၂၀၁၀ ရွေးကောက်ပွဲ

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းရန်

သတင်းလွှာမှာကြားမှု ရပ်ဆိုင်းလိုလျှင်

အကူအညီရယူရန်။

သိလိုသည်များကို အီးမေးပေးပို့ရန်။ burmese@voanews.com

<a href="http://enews.voanews.com/u?id=01FAED8E1B1DFA32E69CA7AD29045D6AF161CB8EA248E4FD">Unsubscribe</a>

Category:

Myanmar E:Mail Network News: Power By Online Network BCJP .Administrated By BCJP News.

0 comments